နေပူထဲမှာ တနေ့လုံး ထိုင်တောင်းတာတောင် ၁၀၀၀ ပြည့်အောင် မရတဲ့ အသက် (၈၅) နှစ်အဖွား
အသက်မရှင်ချင်တော့ဘူး၊ သူများပေးမှ စားနေရတာ မနေချင်တော့ဘူး။
အဖွား အသက် (၈၅)နှစ်တဲ့…မြေးလေး တယောက်နဲ့ နေတယ်တဲ့။ လက်ဖက်ရည်ဆိုင် အဝလေးမှ ထိုင်ပြီ တောင်းနေရှာတယ်။
သားလေးရယ်… (၁၀၀) (၂၀၀) လောက် ပေးပါလား။ အဖွား လာပါအုံး…အသက် ဘယ်လောက်ရှိပြီလဲ၊ အသက် (၈၅)နှစ်ရှိပြီ သား… ဘယ်မှာနေလဲ အဖွား၊ သန်လျင်ဘက်မှာပါ သားလေး…မြေးလေးနဲ့ နေတယ်
အဖွား တောင်းတာ ဘယ်လောက်ရပြီလဲ၊ သား အဖွား အိတ်လေးထဲ ကြည့်လိုက်ပါ။ ကျနော် တွေ့တာတော့ အကြွေလေး (၁၀၀)တန် (၂၀၀)တန်လေးတွေပဲ တွေ့တယ်။
အဖွား ခု ဘယ်သွားမလို့လဲ၊ အဖွားမှာ (၁)ထောင်တောင် မပြည့်သေးဘူး သားရယ်…တခြားနေရာ ထပ်သွားတောင်းမလို့ပါ (နေ့ခင်း (၁၁)နာရီ ခေါင်းပေါ်ရောက်နေပြီ…အရမ်း နေပူနေပြီ)
အဖွား အသက်မရှင်ချင်တော့ဘူး… သူများပေးမှ စားရတဲ့ ဘဝမှာ မနေချင်တော့ဘူး သားရယ်… တောင်းမှ ရတဲ့ဘဝကို မနေချင်တော့ဘူး။ ဟာ…မဟုတ်တာ အဖွားရာ…အဲ့လိုမပြောပါနဲ့ အဖွား၊ ကဲ…ရော့ (၅၀၀၀၀ ကျပ်)၊ အဖွား….ဘယ်မှ မသွားနဲ့တော့နော် အိမ်ပြန်တော့နော်။
ကျေးဇူးတင်ပါတယ် သားရယ်…အဖွား သားကို ဆုတောင်းပေးချင်တယ်… ဟုတ် အဖွား ဆုတောင်းပေးနော်…နောက်ဆို သေချင်တယ် မပြောနဲ့နော်…သား ဒီနားမှာ အမြဲ နီးပါးရှိတယ်။ အဖွား အဆင်မပြေလို့ သေချင်စိတ်ပေါက်လာပြီဆို သားဆီလာခဲ့နော်
ကျေးဇူးပါ သားရယ်…အဖွား အိမ်ပြန်တော့မယ်။ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ရှိပါတယ်ဗျ)
ဪ…ဘဝကြီးကို အရှုံးမပေးပါနဲ့ အဖွားရယ်…အဆင်မပြေတဲ့ခါတိုင်း ကူညီပေးနိုင်ရပါစေ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ