တသက်လုံး စုဆောင်းလာတဲ့ နှစ်ထပ်တိုက်ကို အဖျက်ခံလိုက်ရတဲ့ မြစ်ငယ်ဒေသခံတဦးရဲ့ ရင်တွင်းအသံ
မြစ်ငယ်မြို့မှာ အတင်းအကျပ် ဖျက်ခံနေရတဲ့ ပြည်သူ့အိမ်တွေထဲက နှစ်ထပ်ခွဲတိုက်ပိုင်ရှင်ရဲ့ ရင်ထဲက စကားသံကို ဖော်ပြ ပေးလိုက်ပါတယ်ခင်ဗျာ-
မနေ့ကစပြီးဖျက်ရတယ်။ အုတ်ခဲလိုချင်သူများ ကျနော့တိုက်လာဖျက်ကြပါ။ အုတ်ခဲအလကားရပါမည် မှန်တွေစတီးလက်ရမ်းတွေကိုတော့ ဖျက်ယူပြီးပါပြီ။
ဘဝအသစ် ဘယ်လိုပြန်စလို့ရပါ့တော့မလဲ။ အာစီတိုက် ၂ထပ်ခွဲဖြစ်ဖို့ ဆိုတာမလွယ်ဘူး။ အခုတော့ လမ်းဘေးရောက်ပါပြီ။ ဖျက်လို့ရတာတွေ ပစ္စည်းတွေ ကားငါးစီးတိုက်တော့ရှိပြီ။
အရင်က လိုင်းပေါ်မှာ ကားတွေ အခမဲ့ကူညီနေတာ အခုဘယ်သူမှမရှိတော့ပါလား။ စုစုပေါင်းအိမ်တွေအလုံးပေါင်းရာချီနေပါပြီ။
ကျနော့ကို အလုပ်အကိုင်လုပ်ခွင့်ပေးပါ။ ယမကာဆိုင် တရုတ်အစားအသောက်ကျွမ်းကျင်အဆင့်ရှိပါတယ်။ မယုံလျှင် လက်တွေ့ကြော်ခိုင်းပါ။ လိုအပ်တဲ့ ပစ္စည်းသာရှိပါစေ။ ချက်ခြင်း ကြော်ပြပါရစေ။
နေစရာပေးပါ။ ၁ယောက်စာ ထမင်းတော့ကျွေးပါ။ ဆေးလိပ် တိုက်ပါ။ ဒါဆိုဘာမှ မလိုအပ်တော့ဘူး။ ပြေးစရာမြေမရှိ။ ပေးစရာငွေမရှိ။
Mg Mg Soe