အနှုတ်ပြနေတဲ့ နိုင်ငံ့ဝင်ငွေ၊ ဆင်းရဲလာတဲ့ ပြည်သူတွေနဲ့ စကစလက်ထက် မြန်မာ့စီးပွားရေး ပြိုလဲမှု

ဒေါ်လာဈေးကွက်ပေါက်ဈေး အပြင်ဈေးက ၂၂၅၀ အစိုးရဈေးက ၁၈၅၀ ဆိုတော့ ပို့ကုန်က မထွက်နိုင်, လယ်သမားတွေ ဆီက အောက်ဈေးပေးပီး ဝယ်မှရတော့တယ် လယ်သမားတွေ ပြန်ဝယ်ရတဲ့ မြေအြဇာ နဲ့ အားဆေး တွေ အကုန်ဈေးကြီး ဆိုတော့ အောက်ဈေးနဲ့ မရောင်းနိုင် / ကုန်သည်တွေ ဝယ်မရတော့ ပို့ကုန် မထွက်နိုင်။

ပို့ကုန် မလုပ်နိုင်တော့ Earning က ဝင်သင့်သလောက်မဝင်, Earning မရှိတော့ သွင်းကုန် လိုင်စင်မပေး၊ လိုင်စင် မရတော့ ကုန်ဈေးနှုန်းကြီး, နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အိမ်ပြန်ပြေး၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု မရှိတော့ ဒေါ်လာမရှိ။

ငွေဖောင်းပွမှုနှုန်းက တိုးပီးရင်းတိုး စက်ရုံ အလုပ်ရုံ ဂိုဒေါင် တွဲကား အိမ်ခြံမြေ အဌားလုပ်ငန်း အကုန်ထိုးဆင်း အလုပ်လက်မဲ့ လူဦးရေ တိုးလာ, လုရက်မှု, ခိုးမှု, ခိုးဆိုးလုနှိုက်တွေများလာ, အဲ့တော့ မလုံခြုံ လို့ စခန်းသွားတိုင်, သူတို့လဲ မလုံခြုံ။

အဲ့တော့ နိုင်ငံခြားထွက်သွားပီး သူများကျွန်ခံ အလုပ်လုပ် ကိုယ့်နိုင်ငံ GDP ပိုပိုကျဆင်း, ကမ္ဘာ့ဘဏ်က ဘက်ဂီယာ ထိုးပီးသွားနေတယ်ကြေငြာ, အစိုးရက သွင်းကုန် ပိတ်ပီး ကုန်သွယ်မှု ပိုငွေတွေ အရမ်းများလာတယ် လို့ သတင်းထုတ်ပြန်။

ဘဏ်အပ်ငွေ များပီး ထားစရာနေရာမရှိလို့ ဗဟိုဘဏ်အထိ လာအပ်တယ် ပြောလာ, အေတီအမ် စက်တွေ မီးမလင်း, ဘဏ်တွေ နေ့စဉ် ဓားမြတိုက်တဲ့သတင်းတွေတက်လာ, အရက်သမား, ဆေးသမားတွေ ပိုပိုများလာ, ပညာရေး ပိုပိုဆိုး။

မြန်မာပြည်က ဘဏ်တွေ ငွေမချေးလို့ နိုင်ငံခြားဘဏ်ကနေ သွားချေးတော့လဲ အတိုးအရင်း ပေးမဆပ်ခိုင်း ဖေ့ဘုတ် ကို ပေးမသုံးဘဲ ပိတ်ပင် ရှိသမျှလူအားလုံး ဗီပီအမ် သုံး ဗီပီအမ်ကုမ္ပဏီတွေကိုလုပ်ကျွေး (၁ နှစ်ကို ဒေါ်လာ သန်း နဲ့ ချီပီး ဗီပီအမ်ကို အသုံးပြုခပေးနေရတယ် တနိုင်ငံလုံးအတိုင်းအတာ နဲ့ဆို) ဒါတောင် Free သုံးလို့ရသေးလို့ ပြန်သာဖွင့်ပေးလိုက် ဒေါ်လာ သန်းနဲ့ချီပီး အမြတ်ထွက်ပီ အကယ်လို့ ဒီစာကို သင်ဖတ်နေလဲ ဗီပီအမ် သုံးထားလို့ပါ။

ဟုကဲ့ ကျွန်တော်တို့ နိုင်ငံရေးစိတ်မဝင်စားပါ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို အောက်ခြေအဆင့်မှတင်ပြပါသည် တစ်ခါတစ်လေ အောက်ဆင်းပီးလာကြည့်ပါ လိုက်ပြပါမယ် မသိရင် မေးပါ ကျေးဇူးတင်ပါတယ် အောင်မျိုးသူ (Rixs Group)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page