သူဌေးပေါတဲ့ မြိတ်မှာလည်း မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ရွေ့လျား ထမင်းဆိုင် လာပါပြီ

အခြေခံလူတန်းစားများအတွက်ရည်ရွယ်ပြီး ထမင်းဟင်းတစ်ပွဲလျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချသည့် တန်ဖိုးသင့် ရွေ့လျားထမင်း ဆိုင်ကို မြိတ်မြို့တွင် စတင်ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းကစတင် ရောင်းချခြင်းဖြစ်ပြီး အခြေခံလူတန်းစား အများစု နေထိုင်သည့်ရပ်ကွက်များနှင့် အလုပ်ခွင်ရှိရာနေရာများကို ဦးစားပေး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ တနေရာထဲမှာ အခြေပြု ရောင်းချမှာ မဟုတ်ဘဲ အခြေခံလူ တန်းစားများ နေထိုင်သည့်နေရာအရောက် ရွေ့လျား ရောင်းချပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အလုပ်လက်မဲ့ ဖြစ်သွားတဲ့ သူတွေ၊ စားဝတ်နေရေး ခက်ခဲတဲ့သူတွေကို တဖက်တလမ်းက ကူညီပေးချင်လို့ လုပ်တာ ဖြစ်ကြောင်း၊ တပတ်မှာ သုံးရက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ နေ့လည်စာပဲ ရောင်းပေးသွားမှာ ဖြစ်ကြောင်း၊ လူမျိုးဘာသာမရွေး စားနိုင်တဲ့ ဟင်းတွေကို တလှည့်စီ ရောင်းပေးသွားမှာ ဖြစ်ကြောင်း ရွေ့လျား မြန်ကောင်းသက်သာ (၅၀၀) တန် ထမင်းဆိုင်ရှင် စေတနာ ဇောတိက တဦးက ပြောပါတယ်။

မြိတ်မြို့ ကမ်းနားလမ်းတွင်စတင်ရောင်း ချပေးခြင်းဖြစ်ပြီး ရွှေပြည်တန်၊ တိုးချဲ့၊ အောက်ရေပုန်း၊ အင်းလေးမြိုင်စသည့်ရပ်ကွက်များတွင်လည်း အလှည့်ကျရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်စည်းကမ်းအတိုင်း လိုက်နာရောင်းချမှာပါ။ Mask ပါလာတဲ့သူတွေကိုလည်း Mask တွေပေးဝေပါတယ်။ မိသားစု ငါးဦးရှိ ပြီး သုံးဦးစာပဲငွေကြေးတတ်နိုင်ရင် နှစ်ဦးစာအတွက် ကတ်ပြားလေးတွေ ပေးပြီးအခမဲ့လှူ ဒါန်းပေးပါတယ် လို့ ဝေယျာဝစ္စဒါနရှင် တဦးကလည်း ပြောပါတယ်။

တန်ဖိုးသင့်ရွေ့လျားထမင်းဆိုင်တွင် တစ်နေ့လျှင် လူ ၅၀၀ စာ ထမင်းဟင်း၊ အသီး အရွက်ကြော်၊ ဘာလချောင်ကြော်များပါဝင် ပြီး တစ်ပွဲလျှင်ကျပ် ၅၀၀ ဖြင့်သာ ရောင်းချ ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page