မနက်အိပ်ရာနိုးနိုးခြင်း အကြားအာရုံ ဆုံးရှုံးလိုက်ရတဲ့ ကောင်မလေးကို စစ်ဆေးလိုက်တဲ့ အခါ….

အိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေ အာရုံကြောပျက်သွားတာလို့ဆရာဝန်များဆို၊ မိမိကိုယ်ကိုချစ်ပါဂရုစိုက်ပါ ကိုယ်တိုင်လဲ အခုတလော sleep deprivation ကြောင့် short-term memory loss သိသိသာသာ ဖြစ်လာလို့ လိုက်ရှာဖတ်ရင်းနဲ့ အားလုံးလဲ သိထားရအောင် ပြန်လည်မျှဝေတာ ဖြစ်ပါတယ်။

Sleep Deprivation ( အိပ်ရေးမဝခြင်း ) – ဒီ post ကိုတော့ ညဘက်တော်တော်နဲ့ မအိပ်နိုင်တဲ့သူတွေ ဖတ်သင့်ပါတယ် ။ Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊ ဒါပေမယ့်အိပ်လားဆို တော့မအိပ်ကြပါဘူး ။ အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာ များတယ် ။

အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှ စအိပ်ကြတယ် ။ အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။ တချို့ဒီလိုတွေးတယ် ” ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊ အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး ” စသဖြင့်ပေါ့။ No ပါ

ညမအိပ်ဘဲ မနက်မှအိပ်တာလဲ အိပ်ရေးမဝတာကို ဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲ သိကြတာပါ ။ တကယ့် side effect က ခေါင်းအစခြေအဆုံးဖြစ်တာပါ ။

ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့ Side effect ကတော့ တခုပြီးတခုဖြစ်နေမှာပါ ။ ဘာတွေဖြစ်လာနိုင်လဲ Symptoms စပြရင်ယေဘုယျအားဖြင့် ခေါင်းအပိုင်းက စပြကြတာများတယ် ။ Memory Issues မှာဆိုရင် ညဘက်ဆိုကိုယ့် ဦးနှောက်က သူ့ထဲအသစ်ထပ်ထည့်ရမယ့် Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။

အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်းမမှတ်မိတာတွေ မေ့လွယ်တာတွေဖြစ်လာနိုင်တယ် ။ အာရုံစူးစိုက်မှုနဲ့ thinking ပိုင်းတွေမှာ အားနည်းလာမယ် ။ Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူး ထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိုးမပြေဘူး မြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။

စိတ်နုတဲ့သူတွေဆိုရင် Anxiety, Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။ Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။ ဒီ weight gain ကေတာ့ ဆိုးကျိုးကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။

အခုအချိန်က ကိုဗစ် အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့ Sleep Deprivation အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင် ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့ အတွက်ရောဂါပိုးတွေ အလွယ်တကူဝင်နိုင်တယ် ။ Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေက နှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊ ဆီးချိုစတဲ့ရောဂါ တွေဖြစ်နိုင်တယ် ။

Hormones တွေပွားနှုန်းကိုလဲ လျော့စေပါတယ် ။ Sleep Deprivation ဖြစ်တာ ကြာလာရင်ရုပ်ပိုင်းဆိုင်ရာ ကိုပါထိခိုက်လာနိုင်တယ် ။ ဥပမာ – ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင် ဘာမှမကိုင်နိုင်တော့ဘဲအား မရှိတော့မျိုးတွေဖြစ်နိုင်တယ် ။

အိပ်ရေးမဝရင် အသိသာဆုံးကမျက်လုံး မျက်နှာ ဖြစ်တဲ့အတွက် skin suffer တွေပါဖြစ်တတ်ပါတယ် ။ အဆိုးဆုံး Sides Effect ကတော့သေတဲ့ အထိဖြစ်နိုင်တာပါ ဒါတွေကတော့ခေါင်းအစခြေအဆုံး ဖြစ်တတ်တဲ့ Sides Effect တွေပါ ။ ၁၂ နာရီအလွန်ဆုံးထားပြီးအိပ်ကြ ပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page