မနက်ဖြန် စဖွင့်တော့မယ့် တရုတ်-လာအို ကျည်ဆန်ရထားလမ်း နောက်ကွယ်က ဇာတ်လမ်း

၁,၀၀၀ ကီလိုမီတာရှည်တဲ့ ဒီရထားလမ်းကို ဒေါ်လာ ၉ ဘီလီယံအကုန်ကျခံ တည်ဆောက်ခဲ့ပြီး တစ်နာရီကို ၁၆၀ ကီလိုမီတာ ပြေးဆွဲပေးနိုင်ပါတယ်။ လာအိုဖက်ခြမ်းက ၄၁၄ ကီလိုမီတာအတွက် ဒေါ်လာ ၆ ဘီလီယံဖိုးကုန်ကျခဲ့ပြီး ၃၀% ကို တရုတ်ဆီက ချေးငွေနဲ့ ဆောက်ခဲ့ရပါတယ်။

၅ နှစ်ကြာတည်ဆောက်ခဲ့ရတဲ့ ဒီအမြန်ရထားလမ်းကြောင့် ကုန်စည်သယ်ခတွေ ဈေးကျလာနိုင်သလို တရုတ်တိုးရစ်တွေ လာအိုကို အရင်ကထက် အလည်ပိုလာကြလိမ့်မယ်လို့ တရုတ်ဖက်က ဆိုပါတယ်။

လာအိုလူမျိုး တိုးရစ်ဂိုက် တစ်ယောက်ကတော့ တရုတ်တွေ လာအိုက အလုပ်ကောင်းတွေ ဝင်လုပ်ကုန်မှာကို စိုးရိမ်နေရပါသတဲ့။

ရထားလမ်းအတွက် လာအိုမိသားစု ၄,၀၀၀ လောက် အိမ်တွေဖယ်ပေးခဲ့ရပါတယ်။ တရုတ်အစိုးရအဖို့ BRI အိမ်မက်အဖြစ် ဒီ ကူမင်း-ဗီယင်ရှမ်းလမ်းကနေ ဗန်ကောက်၊ ကွာလာလမ်ပူကတဆင့် စင်ကာပူအထိ ဆက်ဖောက်ဖို့ ရည်ရွယ်ထားပါသတဲ့။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page