အာဟာရပြည့် စားလို့ကောင်း ဘဲဥ သီးစုံပဲဟင်း တပွဲကို ကျပ် ၂၀၀ ထဲနဲ့ စတင် ရောင်းချပါပြီ

စေတနာရှင်ပရဟိတအသင်း-ရန်ကုန်မှ ညနေဟင်းလျာအဖြစ် ဘဲဥ သီးစုံပဲဟင်းကို ဒဂုံအရှေ့ ၇/၈ ဂိတ်ဟောင်းလမ်းဆုံ၊ ငထွေးရူးလမ်းမကြီး သူထက်စံ မုန်ဟင်းခါးဆိုင် နေရာမှာ ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄း၅၂ မှာ စတင်ရောင်းရာ ၅း၁၂ မိနစ်မှာ အကုန်ရောင်းချ လှူဒါန်းပြီးခဲ့ကြောင်း သိရပါတယ်။

အခြေခံပြည်သူများအတွက် ဘဲဥ + သီးစုံပဲဟင်းအား ၂၀၀ကျပ်ဖြင့် ရောင်းချပေးခဲ့ရာ ဘဲဥ အလုံး ၁၅၀ ပဲဟင်း လူဦးရေ ၁၈၅ယောက်စာ ဝေငှပေးနိုင်ခဲ့ပါတယ်။

အပတ်စဉ် စနေနေ့ တနင်္ဂနွေနေ့တွေမှာ လှူဒါန်းပေးနိုင်ဖို့အတွက်လည်း အလှူရှင်များ ဖိတ်ခေါ်ထားပါတယ်။

မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းတွေကိုလည်း လူကြိုက်များကြသလို မိသားစုဝင်တွေ များတဲ့ အိမ်တွေမှာလည်း ဒီလို ပဲဟင်းတပွဲ ၂၀၀ နဲ့ တအိမ်သားလုံး စားလို့ ရကြပါတယ်။

(၅၀၀) ကျပ်တန် ဇလုံထမင်းဆိုင်တွေ အများအပြား ပေါ်လာသလို ဟင်းပွဲတွေကို ဒီလို ရောင်းတဲ့ နေရာမျိုး များများ ပေါ်လာပါစေလို့ မျှော်လင့် ရပါတယ်။

ကာလဒါန လှူဒါန်းကျတဲ့ အလှူရှင်တွေနဲ့ ဝေယျာဝစ္စ ကုသိုလ် ယူကြတဲ့ ကုသိုလ်ရှင်တွေ အားလုံး ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page