အိမ် တအိမ်မှာ ဘယ်တော့မှ မလုပ်သင့်တဲ့ အမူအကျင့်များ (လာဘ်ပိတ်၊ လာဘ်တိတ်စေတဲ့ အပြုအမူများ)
အင်္ကျီတွေ ဘယ်လောက်ပဲစုတ်စုတ် ပုဆိုးတွေဘယ်လောက်ပဲစုတ်စုတ် အိမ်ထောင်ဦးစီးရဲ့ဟာဆိုရင် ကြမ်းတိုက်ဝတ် လက်နှီးစုတ်ဝတ် ဘယ်တော့မှမလုပ်မိစေနဲ့။
မီးသွေးဝယ်မယ် ထင်းဝယ်မယ် အိမ်သာသုံးတစ်ရူးဝယ်မယ် ဆိုရင် မနက်ခင်းမှာ ပထမဆုံးဝင်လာတဲ့ စျေးဦးပေါက်ပိုက်ဆံနဲ့ဝယ်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။
မနက်စောစောစီးစီးရန်ဖြစ်ခြင်း၊ စကားများခြင်း၊ဆဲဆိုခြင်း၊ အိမ်ပူအိမ်ဆူဖြစ်ခြင်း၊ အရက်သေစာသောက်စားခြင်းကို ဘယ်တော့မှ မလုပ်မိစေနဲ့။
အကြီးအကဲ၊ လူကြီးမိဘ၊ ဆရာသမားတို့အား ဦးဦးဖျားဖျားထမင်း၊ဟင်းများကို ဦးမချပဲ စားသောက်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။
ဘုရား၊တရား၊သံဃာ၊ မိဘ၊ဆရာသမားများကို မကန်တော့ပဲ အိပ်ရာဝင်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။
ထီးစုတ်၊နာရီစုတ်၊ဖိနပ်စုတ်၊ မီးလုံးအကျွမ်း၊မီးချောင်းအကျွမ်းများ၊ စက်ပစ္စည်းအစုတ်များကို စွန့်ပစ်ခြင်းမပြုဘဲ ကာလကြာရှည်စွာ သိမ်းထားခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။
မိဘဓာတ်ပုံမချိတ်ပဲ သားသမီးဓာတ်ပုံကို အိမ်ခေါင်းရင်းမှာချိတ်ခြင်း၊ ဧည့်ခန်းမှာချိတ်ခြင်း၊ အမြင့်မှာချိတ်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။
ကြွက်ကိုက်ထားသော၊ ခွေးကိုက်ထားသော အင်္ကျီ၊ ပုဆိုး၊ ထဘီများဝတ်ခြင်းကို ဘယ်တော့ မှမလုပ်မိစေနဲ့။
လူတွေ့တိုင်း ညီးညူသောစကား၊ နိမိတ်မရှိ နမာမရှိသောစကား၊ အာကြမ်းရှာကြမ်း ပြောဆိုခြင်းများကို ဘယ်တော့မှ မလုပ်မိစေနဲ့။
မူရင်းရေးသားသူအား လေးစားမှုဖြင့်