ရွှေဈေး (၃) မျိုး ဖြစ်လာပြီးနောက် ရွှေလုပ်ငန်းရှင်များအသင်း အရေးကြီးဆုံးဖြတ်ချက်များ ထွက်ပေါ်လာ

ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တွေအားလုံး အခေါက်ရွှေ တစ်ကျပ်သား ၂၅ သိန်း ၃ သောင်း ကျပ်နဲ့ ရောင်းချပေးရမယ်လို့ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မ​နေ့က အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်ရွှေအသင်းက ယနေ့ နေ့လည် ၂ နာရီခွဲ ရည်ညွှန်းကြမ်းခင်းဈေးအဖြစ် အခေါက်ရွှေတစ်ကျပ်သား ကျပ် (၁,၉၃၄,၀၀၀) ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ အောက်တိုဘာ ၃၁ ရက် ပြင်ပရွှေဆိုင်တွေမှာ ဖြစ်ပေါ်နေတဲ့ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေးမှာ ကျပ် ၂၆ သိန်း ၈ သောင်းဖြစ်ပြီး ဝယ်ဈေး ကျပ် ၂၆ သိန်း ၄ သောင်း ဖြစ်တယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီက သိရပါတယ်။ ပြင်ပ‌စျေးကွက်ပေါက်စျေးနဲ့ ရန်ကုန်ရွှေအသင်းက ရောင်းခိုင်းတဲ့စျေးဟာ ကျပ် ၁ သိန်းခွဲကျော် ကွာဟနေတာကို တွေ့ရှိရပါတယ်။

ထိုကဲ့သို့ မြန်မာပြည် ဈေးကွက်အတွင်း ရွှေဈေး (၃) မျိုး ဖြစ်လာပြီးနောက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းက အစည်းအဝေး ပြုလုပ်ပြီး အောက်ပါ အရေးကြီး ဆုံးဖြတ်ချက် (၂) မျိုးကို ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း​ဒေသကြီး​ ရွှေလုပ်ငန်းရှင်များအသင်း YGEA အလုပ်အမှု​ဆောင်အစည်းအ​ဝေးကို ယ​နေ့ ​အောက်တိုဘာလ (၃၁) ရက်​နေ့ မနက်ပိုင်းက အသင်းရုံး အစည်းအ​​ဝေးခန်းမတွင်ကျင်းပရာ ဆုံးဖြတ်ချက် (၂)ရပ်​ ​ပေါ်ထွက်ခဲ့သည်။

အစည်းအ​ဝေး အဖွင့်အမှာစကားကို အသင်းဥက္ကဌ ဦးမျိုးမြင့်က ​ပြောကြားပြီး​နောက် အသင်းအ​ထွေ​ထွေ အတွင်း​ရေးမှူး ဦးဝင်းမြင့်က အသင်းဝင်များနှင့် ​ဆွေး​နွေးပြီး​နောက် ဆုံးဖြတ်ချက်များ​ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များမှာ နှစ်စဥ်ကျင်းပမြဲ ဖြစ်သည့် အသင်းဘုံကထိန်ကို နိုဝင်ဘာလ (၅)ရက်​နေ့တွင် ကျင်းပရန် ၊ အသင်းပြက္ခဒိန် ထုတ်​ဝေရန်တို့ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page