မှောင်ခို ဟော့ဒေါ့ အသားချောင်းတွေကို စားပြီး ကလေးတွေ ဆေးရုံရောက်သွားရတဲ့ အကြောင်းရင်း

ဓာတုဆေးတွေကို အဆမတန် ရောစပ်ထုတ်လုပ်ထားတဲ့ အသားအူချောင်းထုတ်လုပ်သည့် စက်ရုံတစ်ခုကို ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဆိုပါစက်ရုံမှာ တရားဝင် ဖွင့်လှစ်ထားတာမဟုတ်ဘဲ ထုတ်လုပ်တဲ့ အသားအူချောင်းများမှာလဲ အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲမှုဌာနထံ လိုင်စင်တင်ထားတာမရှိဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါအသားအူချောင်းတွေကို စားသုံးမိတဲ့ ကလေး ၉ ဦးလောက်မှာ အော့အန်ခြင်း၊ မူးဝေခြင်း၊ ရင်တုန်ခြင်းတွေဖြစ်ပေါ်ပြီး ဆေးရုံတင်ကုသနေရတယ်လို့ သိရပါတယ်။ ကိုချစ် (ဇွဲကပင်မြေ)

ကလေးငယ်များနှင့် အစားအသောက် အန္တရာယ်

အခု ရက်ပိုင်းအတွင်း ကလေးတွေမှာ အသက်အန္တရာယ်ထိ ကျရောက်နိုင်တဲ့ အစားအသောက်နဲ့ ဆက်စပ်နေတဲ့ ရောဂါတစ်မျိုးကို တွေ့လာရပါတယ်။

(၁) ဘာရောဂါလဲ?.. ဒီရောဂါ ကို Acquired Methemoglobinemia လို့ခေါ်ပါတယ်။

(၂) ဘယ်လို ကလေး တွေ မှာ ဖြစ်တာ လဲ?.. ဒီရောဂါဟာ အသင့်စား အစားအစာ Fast Food တွေမှာ ကြာရှည်ခံအောင် အသုံးပြုတဲ့ Nitrate ပါဝင်မှုများတဲ့ အစားအစာများကို စားသုံးမိတဲ့ ကလေးတွေမှာ တွေ့ရပါတယ်။ ဆေးတချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုတလော နိုင်ငံခြားက တင်သွင်း ထားတဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အကင် စားမိတဲ့ ကလေးတွေမှာ အတွေ့များလာပါတယ်။

(၃) ရောဂါ လက္ခဏာ တွေက ဘာတွေလဲ?.. နေကောင်းကျန်းမာနေတဲ့ ကလေးတစ်ယောက် အထက်ပါ အစားအစာ စားမိပြီး ရုတ်တရက် ပြာလာရင် ဒီရောဂါ ဖြစ်ဖို့များပါတယ်။ ပြင်းထန်ရင် ကလေး ရုတ်တရက် မောတာ၊ တက်တာ၊ မှိန်းလွန်းတာ သတိလစ်တာ၊ နှလုံးခုန်နှုန်း မမှန်တာ အဆိုးဆုံးက အသက်ဆုံးရှုံးနိုင်တဲ့ အထိဖြစ်နိုင်ပါတယ်။

(၄) ဘာ ကြောင့် အခုလို လက္ခဏာ တွေ ပြရတာလဲ?.. လူတိုင်းအတွက် အောက်စီဂျင်ဟာ အလွန် အရေးကြီးပါတယ်.. လေထုထဲက အောက်စီဂျင်ကို အဆုတ်က ရှူသွင်းပြီး သွေးထဲကို ပို့ဆောင်ပါတယ်.. ပြီးမှ လိုအပ်တဲ့ နေရာတွေကို သွေးဥနီမှာပါတဲ့ ဟီမိုဂလိုဘင် (Hb) က ပို့ဆောင်ပေးရပါတယ်.. အစားအသောက်တွေမှာ ကြာရှည်ခံအောင်သုံးတဲ့ Nitrate ကြောင့် Hb ကို metHb ပုံစံသို့ ပြောင်းသွားစေပါတယ်။

metHb ဟာ ပုံမှန်လုပ်ရမဲ့ သွေးထဲက Oxygen ကို လိုအပ်တဲ့ နေရာကို မပို့ပေးနိုင်တဲ့အတွက် သွေးထဲမှာ oxygen များနေပေမဲ့ အသုံးမချနိုင်တဲ့ အတွက် ခန္ဓာကိုယ်မှာ အောက်စီဂျင် ပြတ်တောက် သွားတဲ့အတိုင်း (Hypoxia) ခံစားရတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် oxygen delivery system shut down ဖြစ်သွားခြင်း ပင်ဖြစ်ပါတယ်။

မိမိကလေးမှာ အပေါ်မှာ ဖေါ်ပြထားတဲ့ လက္ခဏာ တစုံတခုရှိရင် နီးစပ်ရာ ဆေးခန်းမှာ ဆရာဝန်နှင့်အမြန်ဆုံး ပြသစေလိုပါတယ်။ မိမိတို့ ကလေးတွေ အန္တရာယ် မဖြစ်ရအောင် လတ်တလော အခြေအနေအရ နိုင်ငံခြားမှ လာသော အသင့်စား ကြက်အူချောင်း၊ ဝက်အူချောင်း နှင့် အကင်များ စားသုံးခြင်းကို ရှောင်ရှားသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။ (Dr. AK Thein)

ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ထိုင်းနိုင်ငံထုတ် Hot Dog တွေစားမိပြီး အစာအဆိပ်သင့်လို့ ကလေးငယ် ၁ ဦး သေဆုံးသွားကာ ကလေးငယ်အချို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ် ရပ်ကွက် ၁ မှာ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီလောက်က ထိုင်းနိုင်ငံထုတ် Hot Dog ချောင်းစားမိလို့ အစာအဆိပ်သင့်ကာ အော့အန်လာတာကြောင့် ကလေးငယ် ၉ ဦးကို မြို့နယ်ဆေးရုံတင်လိုက်ရပြီး ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

အလားတူ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဝမ်ဟိုင်းအုပ်စု တွန်ခေါ့ကျေးရွာက မိသားတစ်စုလည်း ထိုင်းကလာတဲ့ အသားချောင်း (Hot Dog) စားသုံးပြီး ရင်ပူတာ၊ အသက်ရှူကြပ်တာတွေ ဖြစ်လာလို့ မနေ့ညက လားရှိုးးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သီပေါလူငယ်လူမှုကူညီရေးအသင်းက ပြောပါတယ်။

အဆိုပါမိသားစုဟာ အသားလုံးနဲ့အသားချောင်းတွေ ကြော်ရောင်းတာဖြစ်ပြီး သူတို့မိသားစုအပြင် လာဝယ်စားတဲ့ တခြားသူတွေလည်း နေမကောင်းသလိုဖြစ်ပေမယ့် အခြေအနေမဆိုးတာကြောင့် ဆေးရုံတင်ရတဲ့အဆင့်မရောက်ဘဲ ကိုယ့်ဘာသာကိုယ်ဆေးမြီးတိုနဲ့ ကုကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာလည်း ဟော့ဒေါ့ချောင်း ကျွေးမိလို့ အစာအဆိပ်သင့်သလိုဖြစ်ပြီး အော့အန်လာတာကြောင့် ဆေးရုံတင်ရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page