ဂဠုန်ဦးစော၏ ဇနီးမှ အသက်လျော်ကြေး လာပေးတဲ့အချိန် ဒေါ်ခင်ကြည် ပြောလိုက်တဲ့ စကား
ဂဠုန်ဦးစော၏ ဇနီး ဒေါ်သန်းခင်မှ အသက်လျော်ကြေးလာပေးတဲ့အချိန် ဒေါ်ခင်ကြည် ပြောလိုက်တဲ့ ကြက်သီးထစရာ စကား…
ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုံးခဲ့ရသော အာဇာနည် (၉) ဦးအား အသက်လျော်ကြေးပေး…
ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုံးခဲ့ရသော အာဇာနည်ကိုးဦးအား အသက်လျော်ကြေးပေးရန် ၎င်းပိုင် လက်ဝတ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား ထောင်းတွင်းမှ မှာကြားခဲ့သည်။ ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအားလိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးရသော အခါ ဒေါ်ခင်ကြည်က…
“ရှင့်ယောက်ျား ကျမယောက်ျားကို လုပ်ကြံလို့ ကျမမုဆိုးမဘဝရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘဝတူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘဝကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ” ဟုပြောကြားခဲ့ကြောင်း သိရပေသည်။
အမုန်းတရားပွားများခြင်းမှ ကင်းဝေးကြပါစေ…။
သန်းဝင်းလှိုင် ၏ မဟာသီရိသုဓမ္မဒေါ်ခင်ကြည် မှ ကောက်နှုတ်တင်ပြပါသည်။