မြန်မာတွေ သိဖို့ အိုမီခရွန် သင်ပုန်းကြီး ဖတ်စာ (အိုမီခရွန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ့် နည်းလမ်းများ)

အိုမီခရွန်တော့ လာချေပြီ။ ခြေမြန်တော် အိုမီခရွန် ကတော့ ရောက်ခဲ့ပါပြီ။ မိမိက စ ကာကွယ်ပါ..။

(၁) စစ်..ဆိုတော့ (Testing )

အိုမီခရွန်ရဲ့ သဘာဝက ကူးတာမြန်တယ်။လှစ်ကနဲဆို ကူးပီးသား။ အဲတော့ သူ့ကိုမိဖို့ဆိုတာ မြင်မြင်သမျှ လိုက်”စစ်” နေရတော့မှာ။ သူများတွေက ဘယ်လိုတွေတောင်စစ်ကြသလဲဆို UK မှာ တစ်ရက်ကို PCR test (790,000/day) လောက်စစ်နိုင်သတဲ့။

အဲလောက်စစ်နိုင်တာတောင်မှ လူနာကုန်အောင် မစစ်နိုင်လို့။ မဟုတ်ရင် ဒီထက်များများတွေ့နိုင်တယ်ဆိုပဲ။ အမေရိကန်မှာလည်း RDT test kids တွေ ဘီလျံချီပြီးဖြန့်ဝေတာတောင် မလောက်မင ဖြစ်ချင်သတဲ့။ ဆိုလိုတာက ဓါတ်ခွဲခန်းတွေလဲ မနိုင်၊ အိမ်မှာ စစ်နိုင်တဲ့ဟာတွေလည်း မလောက်အောင်ကို ကူးစက်တာက ပိုမြန်နေတဲ့သဘော။သူတို့ဆီမယ် ပြောပါတယ်။

အဲတော့ စစ်တဲ့သဘောထားတွေက ပြောင်းလာတယ်။ လက္ခဏာပြတဲ့သူ ဦးစားပေးကြဖို့။ ဦးစားပေးအုပ်စု ထားပြီးစစ်ကြဖို့။ထိတွေ့မှန်သမျှ မီးခိုးကြွက်လျှောက်လုပ်တာတွေလျှော့ဖို့။နိုင်ငံအသီးသီးက မူဝါဒတွေ အဆင်ပြေအောင်ပြန်သုံးသပ်ကြရတယ်။

ကျနော်တို့ကရော။ ဘယ်လိုစဉ်းစားပြီး ..ဘာလုပ်ရရင်ကောင်းပါလိမ့်။

(၂) ကြမ်းတာ ရမ်းတာ …

ဟိုးအရင်က (၂၁) ရက် ကွာရန်တင်းတို့။ ဆေးရုံဆင်းပြီးတာတောင် (၁၄)ရက် သီးခြားခွဲထားတို့။ လူနာတွေ့ရင် အိမ်တွေ လော့ဒေါင်း တို့။ ကြမ်းတာရမ်းတာတွေရှိခဲ့ကြပါတယ်။ အခုအဲဒါမျိုးတွေ ခေတ်မရှိတော့ပါဘူး။

အိုမီခရွန်က “နာတာ ..တို” သွားတယ်။ ငါးရက်လောက်နဲ့ ပြန်ကောင်းတာများတယ်။ အဲတော့ အမေရိကန် CDC လူကြီးမင်းများက လက္ခဏာမရှိ(မပြ)တဲ့ အိုမီခရွန် ပေါ့စတစ်တွေ (၅) ရက်လောက် ခွဲနေ။ ပြီးရင် အလုပ်ပြန်လုပ်။ အလုပ်လုပ်တဲ့အခါတော့ ( နောက်ထပ် -၅ရက်) mask ကောင်းကောင်းတပ်ထား။ ပြီးရင် နေမြဲတိုင်းနေ။အဲသလို ဆိုလာတယ်။ဒါမှ အလုပ်အကိုင်တွေ ထိခိုက်တာ လျော့မှာကိုး။

အကြောင်းကတော့ – အရင်က မကူးအောင် ဘယ်လို ကာကွယ်ရမှန်းမသိ၊ ကူးပြန်လဲ ကိုယ်ခံအားက မရှိ..တဲ့ဘဝကိုး။ အခုတော့ “သိပြီ” ။ တချို့လဲ တခါဖြစ်ဖူးလို့ ၊ တချို့လဲ ကာကွယ်ဆေးကြောင့် ခုခံအားက “ရှိပြီ” ။

(၃) ကြောက်စရာလား …

သင်ကာကွယ်ဆေးထိုးထားသလား။ အပြည့်ထိုးပြီးပြီလား။ ကိုဗစ် မကူးစက်အောင် ဘယ်လိုနေရမလဲ ..သိပြီလား။ mask တပ်။ လက်ဆေး။ လူစုလူဝေးရှောင်။ အခန်းလုံထဲ စုမနေနဲ့။ ရောဂါအခံရှိတဲ့ နာတာရှည်သမားတွေက မိမိကိုယ်ကို အထူးဂရုစိုက်။

ကိုဗစ်ကုတဲ့ဆေးတွေက “အစွမ်း” ရှိကြောင်း ပိုသိလာကြပြီ။ ကုထုံးတွေလဲ အတော်လေး အထိုင်ကျကျ ဖြစ်လာနေပြီ။ ကြော်ငြာကောင်းလို့ သွားကုတာမျိုးထက် “တတ်ကျွမ်းနားလည်”တဲ့ ပညာရှင်နဲ့ကု။

ကြောက်စိတ်ပါယ်ရှား နိုင်ကြပါစေ။

Nay Win

Leave a Reply

Your email address will not be published.

x

You cannot copy content of this page