မြန်မာပြည် သူဌေးကြီးတွေ ပြောခဲ့တဲ့ ဂျင်းစကားတွေနဲ့ လူသိမခံတဲ့ နောက်ကွယ်က ဖြစ်ရပ်များ
ရွှေလုပ်ငန်းရှင်ကြီးတစ်ယောက်က ရွှေမှော်မှာ ကွမ်းယာရောင်းရင်းကနေ ဘယ်လို ကြိုးစားလို့ ဒီဘဝ ရောက်လာတာကို Motivation ပြောတယ်။
မှော်ထဲက ရွှေတွေ မြို့ပေါ်ရောက်အောင် ဘယ်လို လမ်းကြောင်းတွေရှိတယ်၊ ဘယ်လို ချိတ်ဆက်ဘယ်လို သယ်ရလဲ ဆိုတာကျ မပြောဘူး။
မယုံရင် ဟုမ္မလင်း ရွှေမှော်ကနေ ရွှေတွေကောက်ပြီး မန္တလေးက ရွှေလှော်ဖို တွေမှာသွင်းဖို့ အရင်သယ်ကြည့် ပါလား။
အဲလိုပဲ နာမည်ကျော် လုပ်ငန်းရှင် ဘဏ်သူဌေးကြီးက သူဟာ ဖဲကြွေးတောင် ကတိတည်ခဲ့လို့ ဒီအခြေ အနေ ဒီဘဝ ရောက်လာတယ်။ ဒါကြောင့် ကတိ တည်ကြပါဆိုပြီး Motivation ပြောတယ်။ အဘတွေနဲ့ ဘယ်လိုပေါင်း၊ ဘယ်လိုဝင် ဘယ်လိုရောဆိုတာကျ ပြောမသွားဘူး။
မယုံရင် ကျွန်တော်ကျွန်မတို့ ကတိ တည်စေရပါမယ်။ အာမခံပေးပါမယ်ဆိုပြီး သူ့ဘဏ်ကနေ ခင်ဗျားတို့ ပိုက်ဆံ ဆယ်သိန်းလောက်ဘဲ သွားချေးကြည့်ပါလား။ ချေးမချေး လောင်းလိုက်ချင်သေး။ I hate စောင်ပို (Aung PhyoHein)