ဓာတ်မီး ခါးကြားထိုးပြီး စင်ကာပူသွားခဲ့တဲ့ မြန်မာပြည်က ဦးကြီး (ဘဝနဲ့ ရင်းပြီး ရခဲ့တဲ့ အတွေ့အကြုံတွေ)
ဟိုးအရင် မြန်မာတွေအဖွဲ့လိုက် နိုင်ငံခြားဘုရားဖူးတွေစသွားခါစအချိန်၊ တဖွဲ့ကို ဦးဆောင်သွားတဲ့ အကိုတယောက်ပြောပြတာ…
တည စင်္ကာပူရဲ့ ညရှုခင်းကြည့် လျှောက်လည်ကြဖို့ အဖွဲ့ကိုခေါ်ထုတ်လာတော့ အဖွဲ့ထဲပါတဲ့ လူကြီး တယောက်က လက်နှိပ်ဓါတ်မီးကြီး ခါးထိုးလို့တဲ့၊ သူက ဦးလေး မီးမပြတ်ဘူး အဲ့ဒါကြီးထားခဲ့ပါ ဆိုတာ မတော်ပြတ်သွားရင် ငါတို့က လမ်းက ကျွမ်းတာမဟုတ်ဘူး ယူမှာပဲ ဆိုပြီး ခါးကြားထိုးထားတဲ့ ဓါတ်မီးတကားကားနဲ့ စင်္ကာပူပတ်တဲ့ မြန်မာတွေရှိဖူးတယ်။
ဘဝ နဲ့ ရင်းတဲ့ အတွေ့အကြုံ ဆိုပေမဲ့ ဘောင်မဝင် တန်းမဝင်တဲ့ အတွေ့အကြုံတွေနဲ့ ကမ္ဘာကြည့် ကြည့်ကြရင် တခြားလူတွေအတွက် ရယ်စရာ ကိုယ့်နိုင်ငံအတွက်က မောစရာပဲ။
ရာသီ နဲ့ မီးပျက်တာပေါင်းတော့ တကယ့် ငရဲပါပဲ။ စက်ရုံတွေ production ဘယ်လိုထုတ်ကြမလဲမသိဘူး။ ဒီနေ့ဆို တနေလုံး မီးတနာရီပဲ ရသေးတယ်။ နိုင်ငံက အတော်ယိုင်ထွက်သွားတာပဲ။
ဒီခေတ်လူတွေ စင်္ကာပူသွားရင် ဓါတ်မီးအပြင် ဘာဆောင်ကြဦးမလဲမသိ။
Kyaw Swa Min