လူနာကို စေတနာမထား အသပြာပဲ အလေးထားတဲ့ အထူးကုဆရာဝန်ကြီးတယောက်ရဲ့ လုပ်ရပ်

လူနာကို စေတနာမထား အသပြာကိုပဲ အလေးထားတဲ့ အထူးကု ဆရာဝန်ကြီး တယောက်ရဲ့ လူနာအပေါ် ရိုင်းစိုင်းစွာ ပြုမူပုံကို လူနာရှင်ကိုယ်တိုင် ရင်ဖွင့်ထားတဲ့ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်-

ကလေးတယောက်နဲ့ မတန်အောင် ပြုမူဆက်ဆံသော ဆရာ ဝန်တယောက်အကြောင်းပါရှင်။ ဒီနေ့ အာယုမှာ နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန် တယောက်နဲ့ ပြပါတယ်ရှင်။ လည်ပင်းထဲမှန်ပြောင်း ထည့်ကြည့်ရမယ်ပြောတယ်ရှင်။

အက်စ်အက်စ်စီမှာ ပြပြီး အာယုမှာ မှန်ပြောင်းကြည့်ဖို့ လိုက်ပြီး ထပ်ပြဖို့ ခေါ်လို့ လိုက်ပြခဲ့ပါတယ်ရှင်။ ကျွန်မသားလေးကို စစချင်း ထုံဆေး တချက်ဖြန်းပါတယ်ရှင်။ ​ပြီးတော့ ခလေးကို အသက်ရှူဆိုပြီး ပြောပါတယ်ရှင်။ အဲ့မှာ ခလေးက ကြောက်ပြီး ငိုပါတော့တယ်ရှင်။ အဲ့တာကို ကျွန်မက ကလေးကိုချော့နေတုန်း ခင်များက ရှူလို​့​ပြောလေဆိုပြီး အော်ပါတယ်ရှင်။ အသံအကျယ်ကြီးနဲ့ ကလေးက ပိုငိုရောပါလေရောရှင်။

အဲ့တာကို ငိုလို့ဆိုပြီး ကြည့်လို့မရဘူးဆိုပြီး အခန်းထဲကနေ သွားတော့ ဆင်းဆိုပြီး မောင်းထုတ်ပါတယ်ရှင်။ ကျမလည်း ဆင်းလိုက်ပြီး ထုတ်သွားဖို့ လုပ်တော့ တခါပြန်လာထိုင်ဆိုပြီး ခေါ်ပြန်တယ်ရှင်။ ပြီးလည်း ပြီးရော ကလေးကို ဒီလောက်အော်တဲ့ အကောင် ရော့..ရော့ကွာ ဆိုပြီး ထုံဆေးတွေကို နှာခေါင်းနဲ့ ပါးစပ်အတွင်းသို့ အချက် ၁၀ ချက် ထက် မနည်း ဆက်တိုက် ဖြန်းပစ်ပါတယ်ရှင်။

ကလေးက ကြောက်ပြီး တအားရုန်းပြီး အာခေါင်ခြစ်အော်ပါတယ်ရှင်။ အဲ့တာကို အလို အော်ရမလား ဆိုပြီး ကျမ သားလေးပါးစပ်ထဲကို တစ်သျူးထည့်ပစ်ပါတယ်ရှင်။ ငိုနေလို့ လည်ချောင်းအထဲမရောက်ဘူးဆိုပြီး ပြီးပြီးရော ပြောပါတယ်ရှင်။ ကျမမှာ ကလေး တအားအော်ဟစ်နေလို့ ငွေတောင် အဒေါ်လ လုပ်သူကို ရှင်းခိုင်းပြီး ကားငှားပြီး ငှားထားတဲ့တည်းခိုခန်းရောက်အောင် ပြန်လာရပါတယ်။

သူတို့ဆေးရုံကို အိမ်ရောက်တာနဲ့ ကျမလည်း ဆေးရုံကို စီစီတီဗီ လှမ်းတောင်းပါတယ်ရှင်။ ဆေးရုံက privacy အရ မတပ်ထားပါဘူးတဲ့ လူနာနဲ့ ဆရာဝန် ရဲ့ အခန်းကို။ ဆေးရုံကတော့ ဖုန်းတွေဆက်ပြီး အစစအရာရာ ပြန်လုပ်ပေးမယ် ပြောပါတယ်ရှင်။ ကျမလေ တသက်နဲ့တကိုယ် ဤကဲ့သို့သော ရိုင်းစိုင်းသော ဆရာဝန်ကို မတွေ့ဘူးပါဘူးရှင်။

ကျမသားလေးဟာ မနက် ၁၀ နာရီခွဲကနေ နေ့လည် ၂ နာရီထိ အငိုမတိတ်ပါဘူးရှင်။ ထုံဆေးကို လိုအပ်တာထက် ပိုပြီးဖြန်းတော့ လျှာတွေ၊ အာတွေ တအားနဲ့ အချိန်ကြာစွာ ထုံသွားတာပါတယ်ရှင်။ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းကို ထိခိုက်မှု မရှိပေမယ့် နုနယ်တဲ့ ကလေးတယောက်ကို အဲဒီလောက် ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံတဲ့ ဆရာဝန်မျိုးကိုတော့ နောက်နောင် အားလုံရှောင်နိုင်အောင်ပါရှင်။ ကျမမှာ အာယု ဆေးရုံနဲ့ ပြောထားသောအသံဖိုင်၊ careme မှ booking time ဆေးခန်းစာအုပ် အကုန်ရှိပါတယ်ရှင် ကျမ သားလေးကို အခုလို လုပ်တာ မခံနိူင်လွန်းလို့သာ ရင်ဖွင့်ရတာပါရှင်။ (Me Me Zin)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page