ငွေချေးလုပ်ငန်းဆိုတဲ့ လိုင်းပေါ်က ကြော်ငြာကို ယုံမှတ်လို့ ပုံအပ်မိသူ တဦးရဲ့ ဖွင့်ဟဝန်ခံချက်

မင်္ဂလာပါ ဖေ့ဘွတ်က မိတ်ဆွေအားလုံးကို အလိမ်ခံလိုက်ရတဲ့ ဖြစ်စဥ်လေးတခု ပြောပြချင်ပါတယ် အခုလို အရှက်ရစရာ အလိမ်ခံရတဲ့အဖြစ်ကို ပြောပြရတာ ကျွန်တော့လို မခံရစေချင်လို့ စေတနာသက်သက် တင်ပြရခြင်း ဖြစ်ပါတယ်။

ဖြစ်ပုံက ဒီလိုပါ ဒီချိန်မှာ နိုင်ငံရေး နဲ့ ရောဂါဘေးတွေကြောင့် လူတိုင်းလိုလို အလုပ်ကိုင်ရှားပါပီး စီးပွားရေး ကျပ်တည်းနေတဲ့အချိန်ဖြစ်ပါတယ် ကျွန်တော် ဒီရက်ပိုင်း အလုပ်တစ်ခုအတွက် အရင်းနှီးလိုလို့ချေးငွေလုပ်ငန်း (အမည်က မေတ္တာရှင် ချေးငွေ လုပ်ငန်းပါ) တစ်ခုဆီမှာ ချေးငွေလျှောက်လိုက်ပါတယ် ၂၅ သိန်းပါ

အဲလိုနဲ့ ဆွေးနွေးဖြစ်တော့ ချေးငွေလျှောက်ဖို့ ကျွန်တော့ ဓာတ်ပုံ အိမ်ထောင်စုစရင်း ပုံ မှတ်ပုံတင် ဓာတ်ပုံ စတာတွေ ပို့ခိုင်းလို့ ပို့ပေးလိုက်ရပါတယ်

အဲဒါတွေပို့ပီးတော့ ၂၅ သိန်းချေးငွေလျှောက်တဲ့အတွက် သူတို့ ငွေလွှဲရမယ့် ငွေလွဲခနဲ့ စာရွက်စာတန်းကြေး ၃၂၅၀၀.ကျပ် လွဲပေးရမယ်ပြောလို့ ယုံကြည်ပီး ဝေ့ ကနေပီး လွဲပေးလိုက်ပါတယ်

ကျွန်တော် မေးပါတယ် အဲဒါလွှဲပီးရင် ပီးပီလားဆိုတော့ အကိုငွေလွဲပီး တစ်နာရီအတွင်း ချေးငွေ ၂၅ သိန်းကို ဘဏ်ကနေ လွဲပေးမယ်ပြောပါတယ်

ကျွန်တော်ငွေလွှဲပီး မိနစ်၂၀ လောက်ကြာတော့ ဖုန်းဆက်လာပါတယ် အင်တာနက်လိုင်းတွေ ဖြတ်မယ်ဆိုတဲ့သတင်းကြားလို့တဲ့ အတိုးတစ်လစာ ၅၀၀၀၀.ကျပ် ထပ်လွဲပေးပါတဲ့ အဲမှာစတာပဲ

ကျွန်တော်မေးတုန်းက စာရွက်စာတန်းကြေးနဲ့ ငွေလွှဲခ ၃၂၅၀၀.ကျပ် လွဲပီးရင် ပီးပီဆို ဘာလို့အခုထပ်ပီး ငွေထပ်လွဲခိုင်းတာလဲ ကျွန်တော် မလွှဲနှိင်တော့ဘူးဆိုတော့ အဲဒါဆိုလဲ မတတ်နှိုင်ဘူးတဲ့ ပြန်ဖြေတဲ့ပုံက မဟုတ်တော့ဘူးဆိုပီး အာ့ဆိုလဲ ငွေမချည်းတော့ဘူးဗျာ ကျွန်တော့ပိုက်ဆံ ပြန်လွှဲပေးဆိုတော့ ပြန်လွှဲပေးဖို့ အဆင်မပြေတော့ပါဘူးဆိုပီး မက်ဆင်ဂျာပါ ပိတ်သွားတယ်

အခုဆို ကျွန်တော့ရဲ့ မှတ်ပုံတင် သန်ကောင်စရင်း ဓာတ်ပုံ စတဲ့ အချက်အလက်တွေ သူတို့ဆီ ရောက်သွားပါပီ အဲဒါတွေသုံးပီး ကျွန်တော့ကို ငွေချေးလိုက်ပါပီဆိုပီးတော့တောင် သူတို့ပေ့မှာ တင်နှိုင်ပါတယ်

ဒီပို့စ်အတွက် ကျွန်တောဘက်က လုံးဝတာဝန်ယူပါတယ် ဒီအချိန်မှာ ခုနပြောသလိုပဲ လူတိုင်းနီးပါက အလုပ်ကိုင်တွေ ရှားပါမှုကြောင့် စီးပွားရေးကျပ်တည်းနေတဲ့အချိန်မှာ နာမည်နဲ့မလိုက်တဲ့ မေတ္တာရှင် ငွေချေးလုပ်ငန်းအပြင် တစ်ခြား ငွေချေးလုပ်ငန်းတွေကို သတိထား မယုံကြည်ကြဖို့ အထူး သတိပေးလိုပါတယ်

ဒီပို့စ်ကိုလဲ ကျွန်တော့လို တစ်ခြားသူတွေ အလိမ်မခံရစေဖို့ ပြန်ရှဲလ် ပေးဖို့ တောင်းဆိုပါတယ် ကျွန်တော့ကို မေတ္တာရှင် ချေးငွေလုပ်ငန်းမှ ပြန်လည်မဖြေရှင်းပေးပါက အခွင့်သင့်တိုင်း ဒီပို့စ်ကို တင်နေမှာပါ။ (ကိုသန်းထိုက် 20.12.2021)

အဆိုပါ မေတ္တာရှင် ချေးငွေလုပ်ငန်းပေ့သို့ သွားရောက် ကြည့်ရှုရာတွင် အမျိုးသမီးတဦး၏ ပုံကို အသုံးပြုထားပြီး လိမ်လည်မှုများ လိုက်လံ ကျူးလွန်နေတာကို တွေ့ရပါတယ်။

ယခုလိုကာလကြီးမှာ စီးပွားရေး ကျပ်တည်းမှုကြောင့် ငွေလိုတဲ့ လူတွေ များလာပါတယ်။ အဆိုပါ လူများကို အဓိက ထားပြီး အွန်လိုင်းပေါ်ကနေ ငွေချေးလုပ်ငန်းအယောင်ဆောင်ကာ လိမ်လည်မှုများ ကျူးလွန်နေကြပါတယ်။

ဒီခေတ် ဒီကာလကြီးမှာ မသိတဲ့သူကို အပေါင်ပစ္စည်းမပါဘဲ မည်သူမျှ ငွေအလုံးအရင်း ထုတ်မချေးကြပါဘူး။ ပြီးတော့ ချေးငွေ လုပ်ငန်းက ငွေမပေးခင် စာရွက်စာတမ်းကြေး၊ လွှဲခ၊ အတိုးနှုန်း စတဲ့ အခကြေးငွေတွေ ပြန်တောင်းပြီ ဆိုကတည်းက လိမ်တော့မယ်ဆိုတာ သိသာနေပါပြီ။

အဲဒါကြောင့် ယခုလို ခိုးဆိုးလုနှိုက် လူလိမ်တွေ ပေါတဲ့ ကာလကြီးမှာ လောဘနောက် မလိုက်ဘဲ အမြင်ကျယ်ကျယ်နဲ့ စေ့စပ်သေချာစွာ ချင့်ချိန်စဉ်းစားပြီးမှ ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page