ကုန်းဘောင်ခေတ် ရှင်ဘုရင်တွေရဲ့ နန်းကျ နိမိတ်များ (ဒီနေ့ခေတ် ဖြစ်နေတာတွေနဲ့ ကွက်တိပါပဲ)

ကုန်းဘောင်ခေတ်က ရှင်ဘုရင်တွေရဲ့ နန်းကျ နိမိတ်တွေအကြောင်းကို အပြည့်အစုံ ဖော်ပြလိုက်ပါတယ်-

(၁) အလောင်းမင်းတရား(ခ)ဦးအောင်ဇေယျ သည် (AD ၁၇၅၂-၁၇၆၀) တွင် နန်းတတ်သည် ။ ကုန်းဘောင်မင်းဆက်၏ အစအဦး ဖြစ်သည်။ (၂၁. ၆. ၁၇၅၃) တွင် မုဆိုးဖိုကို ရတနာသိင်္ဃ ကုန်းဘောင်ပြည်ကြီးအဖြစ် သမုတ်ပြီး ထီးနန်စိုက်သည်။ မင်းစည်းစိမ်ကို ၈နှစ် ခံစားပြီး သက်တော် ၄၅နှစ် သက္ကရာဇ် ၁၁၂၂ ခုတွင် အနိစ္စရောက်သည်။ အနိစ္စရောက်လိုသော် နိမိတ်များကား နေပြည်တော်တွင် မိုးကြိုး ၁၃ချက် တစ်ပြိုင်တည်းကျ၏။ ညောင်ပွင့်၏။ တိမ်တံခွန် ပြ၏။ အင်္ဂါဂြိုဟ် အခိုးထွက်၏။ ကြတ္တိကာကြယ် လသို့ ချင်း၏။

(၂) နောင်တော်ကြီးမင်း(AD ၁၇၆၀ – ၁၇၆၃)၊ မင်းစည်းစိမ်ကို ၃နှစ် ခံစားပြီး သက်တော် ၂၉နှစ်အရွယ်တွင် ကံကုန်သည်။ နန်းကျလိုသော် နိမိတ်များကား ရတနာသိင်္ဃ နေပြည်တော်ပတ်လည် အလိုမဲ့ သောသောရုတ်ရုတ် အုတ်အုတ်ကျက်ကျက် အသံတို့ကို ပြင်းစွာကြားရသည်။ အနောက်တောင်အရပ်ကလည်း အမြောက်သံ ပဲ့တင်ထပ်စေလျက် အချက်ပေါင်းများစွာ ကြားရသည်။ တိမ်တံခွန် ပြ၏။ ဒိန္နက်သဲ သင်္ကြန် တစ်ပြိုင်နက်သင့်၏။

(၃) ဆင်ဖြူရှင် မြေဒူးမင်း (AD ၁၇၆၃ – ၁၇၇၆)၊ မင်းစည်းစိမ်ကို ၁၃နှစ်ခံစားပြီး သက်တော် ၄၀နှစ်အရွယ်တွင် ကံကုန်သည်။ နန်းကျလိုသော် နိမိတ်များကား ရောဟဏီကြယ်အခိုးထွက်၏။ ရွှေစာရံဘုရား ပြို၏။ ငလျင်ပြင်းစွာလှုပ်၍ နေပြည်တော်ဝန်းကျင် ဘုရားစေတီတို့ ပြိုကျပျက်စီးခဲ့၏။ မြစ်မ၊ မြစ်ငယ်များတွင် မိချောင်းအများပေါ်၏။ မြို့တွင်းသို့ ကျားဝင်၏။ မြို့မြောက် ရေနန်းတော်က တကောင်းစျေးတံခါး အဝင်တွင် နတ် ဆီး၍ ရယ်နှင့်၏။ မှန်နန်းတော်သို့ အဝင်တွင် နတ် ဆီး၍ငိုနှင့်၏။

(၄) စဉ့်ကူးမင်း (AD ၁၇၇၆- ၁၇၈၂)၊ မင်းစည်းစိမ်ကို ၆နှစ်ခံစားပြီး သက်တော် ၂၆နှစ်တွင် ကံကုန်သည်။ နန်းကျလိုသော နိမိတ်များကား တောင်အရပ်က လိပ်ပြာများ မိုးလုံးပြည်မျှ ပျံလာ၍ မြောက်ဘက်သို့ ကူး၏။ တိမ်တံခွန် ပြ၏။ တစ်မိုးလုံး သွေးကဲသို့ ခြင်းခြင်းနီ၏။ ပင်းယ ရွှေစည်းခုံဘုရားပြို၏။

(၅) ဖောင်းကားစားမောင်မောင်(AD ၁၇၈၂) မင်းစည်းစိမ်ကို ၇ရက်ခံစားပြီး နန်းကျကံကုန်သည်။

(၆) ဘိုးတော်ဘုရား(ဗဒုံမင်း)(AD ၁၇၈၂ – ၁၈၁၉)၊ မင်းစည်းစိမ်ကို ၃၇နှစ် ၄လ ခံစားပြီး သက်တော် ၇၅နှစ်တွင် ကံကုန်သည်။ နန်းကျလိုသော် နိမိတ်များကား မဟာမုနိဘုရား စသော အကြေအညာ ဘုရားပုထိုးတို့ ရောင်ခြည်ပြ၏။ မှန်နန်းမတော် လကျာ်တိုင်တွင် (Judson) ကိတ်ထွက်၏။ နန်းတော်တိုက်ဦး လင်းတ နား၏။ မြေနန်ပြဿ ဒ် အခိုးထွက်၏။ ရွှေပြည်တော်ပတ်လည် မှစ၍ အနှံ့အစပ်မြို့ရွာကျေးလက် ပေပင်သုဉ်း၏။ ပြည်အလုံး ရုတ်ရုတ်သဲသဲ လန့်၏။

(၇) စစ်ကိုင်းမင်း(ဘကြီးတော်) (AD ၁၈၁၉ – ၁၈၃၇)၊ မင်းစည်းစိမ်ကို ၁၈နှစ်ခံစားပြီး သက်တော် ၅၃နှစ်တွင် နန်းလွှဲရပြီး အနိမ့်အကျနေရစဉ် ကွယ်လွန်သည်။ နန်းကျလိုသော် နိမိတ်များကား ရွှေမြို့တော် ရွှေစည်းခုံဘုရားထီးတော်၊ ငှက်မြတ်နားမြေသို့ခ၏။ ဂူတော်သစ်ဘုရား၊ ရွှေယင်းရဲဘုရား၊ ဘုရားလှ၊ ရွှေမုဌောဘုရား၊ တန်ခိုးပြာဋိဟာပြသည်။ ရွှေနန်းပြဿ ဒ်တော်ကြီးဟိန်းသည်။ မြေနန်ဆောင် တုရင် အခိုးလွှတ်၏။ ဗဟိုရ်ခေါင်းလောင်းတော် အသံတိတ်(အ)၏။

(၈) ရွှေဘိုမင်း(သာယာဝတီမင်း) (AD ၁၈၃၇ -၁၈၄၆)၊ မင်းစည်းစိမ်ကို ၉နှစ်ခံစားပြီး သက်တော် ၆၀နှစ်အရွယ်တွင် ကံကုန်သည်။ နန်းကျလိုသော် နိမိတ်များကား အရှေ့အရပ်မှ အနောက်အရပ်သို့ ဥက္ကာပျံကျ၏။ ဟသာင်္တာရာ ဦးခေါင်း အရောင်မည်းမည်းရှိ၏။ ကြာသပတေးကြယ် အခိုးထွက်၏။ ကောင်းကင်ပြင် တစ်ခုလုံး သွေးကဲ့သို့ ခြင်းခြင်းရဲရဲနီ၏။

(၉) ပုဂံမင်း (AD ၁၈၄၆ – ၁၈၅၂)၊ မင်းစည်းစိမ်ကို ၆နှစ် ခံစားသည်။ သက်တော် ၄၁နှစ်တွင် နန်းကျပြီး မန္တလေး မဟာလောကရံသီ အိမ်တော်ရာဘုရားတည်နေရာ၌ အနိမ့်အကျစံနေရသည်။ နန်းကျလိုသော် နိမိတ်များကား နေပြည်တော် အမရပူမြို့ တောင်မျက်နှာ တောင်သမန်အင်း ရေဆုပ်ယုတ်နည်းပါးသဖြင့် အင်းအတွင်း ရေပိုးရေမွှားတို့ကို ပြည်သူတို့ အုတ်အော်သောင်းသဲ ဖမ်းယူကြ၏။ တစ်လတည်း နေ၊ လ ကြတ်၏။ ရွှေမြို့တော်ပတ်လည် ဘုရားပုထိုးတို့ တန်ခိုးပြာဋိဟာပြ၏။ ကြာသပတေးကြယ် လကို ချဉ်းနင်းဖောက်ထွင်းသွား၏။ ရွှေစက်တော်တင် ရွှေလောင်းကြီး လှေတော် ညကို တစ်နာရီခန့် ညည်းညူ၏။

(၁၀) မင်းတုန်းမင်း (AD ၁၈၅၃ – ၁၈၇၈)၊ မင်းစည်းစိမ်ကို ၂၆နှစ် ခံစားပြီး သက်တော် ၅၄နှစ်တွင် ကံကုန်သည်။ နန်းကျလိုသော် နိမိတ်ကား ရွှေနန်းတော်ကြီး ဝဲဘက်ဆောင် ဗြဲတိုက်တော်တွင် ပျားစွဲ၏။ တော်မပျက် လဲ၏။ မြို့တံခါး၊ ပြအိုး၊ မြို့ရိုး အကြောင်းမဲ့ ပျက်ပြို၏။ မန္တလေးမြို့ အရှေ့ပြင် ဓမ္မိကာရာမကျောင်းတိုက်တွင် ကျားဝင်၏။ မြို့တွင်း၊ မြို့ပြင် ရပ်ကွက်ရပ်စုများ၌ တစ်လကျော်တိုင်တိုင် နေ့စဉ်ရက်ဆက် မီးမပြတ် လောင်၏။

စစ်ကိုင်း၊ အမရပူမြို့များတွင် ဘုရားပုထိုး ရောင်ခြည်တော်လွှတ်၏။ ကြာသပတေးကြယ် နီ၏။ အခိုးများ လွှတ်၏။ ကြာသပတေးကြယ်၊ သောကြာကြယ် လတွင် ချင်းနင်းဖောက်ထွင်းသွား၏။ နေ တံကျင်လျှို ၏။ မပြက်စံမြန်းသော နံ့သာဖြူ စံနန်းသို့ အရူးဝင်၏။ ရွှေနန်းတော်ကြီးအောက် ခွေးမွေး၏။ ညဉ့်အချိန် သဲသဲရုတ်ရုတ် အုတ်အုတ်ကျက်ကျက် အသံဖြစ်၏။

(၁၁) သီပေါမင်း (AD ၁၈၇၈ – ၁၈၈၅)၊ မင်းစည်းစိမ်ကို ၇နှစ် ခံစားပြီး သက်တော် ၂၇နှစ်တွင် နန်းကျ ပြီး အိန္ဒိယသို့ ပါတော်မူပြီး အနိမ့်အကျစံနေရသည်။ နန်းကျလိုသော် နိမိတ်ကား မီးမသင့်မရောက်ဖူးသော မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကို မီးသင့်၏။ မိုးမရွာသွန်းဘဲ အခါမဲ့ နံတော်သင့်တည်ထားသည့် လောကမာရဇိန်ဘုရား အရံခြင်္သေ့မှ ရေထွက်၏။

ပုဂံရွှေစည်းခုံဘုရား အရိပ်ပြန်၏။ မဟာမုနိဘုရား ရောင်တော်ပြ၏။ ရတနသီခမြို့ ရှိ မြတ်စွာဘုရားရုပ်ပွားတော်တွင် မျက်စိတော်မှ သွေးကဲ့သို့ ကျ၏။ မှန်နန်းတော် ရွှေနန်းပြဿ ဒ်တော်ကြီး မြောက်လှေကား၊ အရှေ့စမုတ်ဆောင်၊ လွှတ်တော်ရှေ့များတွင် ပျားစွဲ၏။ ဗြဲတိုက်တွင် လင်းတလေးကောင်နား၏။

လွှတ်တော်တွင် ခွေးတက်ဆင်း၏။ လွှတ်တော်အောက်တွင် ညဉ့်အချိန် ပစ်ခတ်မောင်းထုတ်မနိူင်အောင် ခွေးများစွာ အူ၏။ မပြတ်စံတော်မူသည့် တောင်နန်းဆောင်တွင် ညောင်ရေအိုးစိုက်ထားသည့် သပြေပန်းများ အလိုမဲ့ အောက်လျောကျ၏။ လကို ရောဟဏီနက္ခတ်ထွင်း၏။

အနောက်တောင်ထောင့်အရပ်မှ အန္တလိက္ချ ကိတ် နေ့စဉ်ရက်ဆက်ပြ၏။ ၄င်းလပြည့်ကျော် ၆ရက် (၂၇. ၁၁. ၁၈၈၅) ညဦးမှ အရုဏ်တတ်သည့်တိုင်အောင် ကောင်းကင်တွင် ကြယ်အများအပြား အနှံ့ကြွေကျသကဲ့သို့ ဥက္ကာကြီးငယ်ပျံ၏။ ယခု အကြောင်းအရာများအား ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။ Steamit(chaithu)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page