မြန်မာပြည်ကို အိုမီခရွန် စရောက်ပါပြီ (ကိုဗစ်သတိ၊ ကိုဗစ်အသိ ထားကြပါတော့)
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို မှ Relief Flight ဖြင့် ပြန်လည်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား လေးဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2. Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရကြောင်း စကစ၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ လေးဦးအနက် တစ်ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန်(၃)ဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရကြောင်း၊
အိုမီခရွန်တွေ့ရှိရသည့်လေးဦးအား ကုသရေး စင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သော ကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့ကြောင်း၊ လက်ရှိအချိန်တွင်လည်း ထိုလေးဦး သည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဆိုထားပါတယ်။
ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မဖြစ်စေဘူးလို့ သုံးသပ်ထားကြတဲ့ အိုမီခရွန်ပိုးဟာ ကူးစက်တော့ မြန်တယ်လို့ သိရပါတယ်။
သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ သတိထားကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။