လျှပ်စစ်မီး လုံးဝမလိုတဲ့ သဘာဝအလင်းရောင် မီးသီးပြုလုပ်နည်း (မြန်မာပြည်သူတွေနဲ့ အကိုက်ပါပဲ)

မြန်မာတနိုင်ငံလုံး မြိုင်မြိုင်ဆိုင်ဆိုင် ပြတ်တောက်နေတဲ့ လျှပ်စစ်မီးကို လုံးဝ အားမကိုးဘဲ သဘာဝနည်းအတိုင်း အလင်းရောင် ပေးနိုင်မယ့် မိုဆာလို့ ခေါ်တဲ့ သဘာဝ မီးသီး ပြုလုပ်နည်းကို ဖော်ပြ လိုက်ပါတယ်။ လျှပ်စစ်မီး လုံးဝမလိုတော့ မီတာခလည်း လုံးဝ မကုန်တဲ့ မိုဆာ မီးသီး အကြောင်းပါ။

ဘရာဇီးလ်နိုင်ငံ က စက်ပြင်ဆရာတစ်ဦးဖြစ်တဲ့ အဲလ်ဖရက်ဒို မိုဆာ (Alfredo Moser) ဟာ လျှပ်စစ်မလိုတဲ့ မီးသီးလုပ်နည်းကို စမ်းသပ်တွေ့ခဲ့ပါတယ်။ အဲဒီမီးသီးလေးကိုတော့ သူ့ရဲ့ နာမည်ပါအောင် (Moser) မိုဆာ မီးသီးလို့ အမည်ပေးထားခဲ့တာ ဖြစ်ပါတယ်။

မကြာခဏ စူးစမ်းရှာဖွေလေ့ရှိတဲ့ အဲလ်ဖရက်ဒို မိုဆာ ဟာ တစ်နေ့မှာ ရေနှင့် ကလိုရင်းပါတဲ့ ပလတ်စတ​စ်ဗူးတစ်ဗူးကနေ မှောင်မိုက်နေတဲ့ အိမ်အတွင်းပိုင်းကို အလင်းရောင်ပေးနိုင်တဲ့ ဂုဏ်သတ္တိကို ရှာဖွေတွေ့ရှိခဲ့တာ ဖဖြစ်ပါတယ်။ နေရောင်ခြည် ဟာ ရေနှင့် ကလိုရင်းထည့်ထားတဲ့ ပလတ်စတစ်ဗူး ထိတဲ့အခါ အလင်းယိုင်ပြီး ဗူးထဲက ရေကနေ အလင်းကို ပြန့်ကားစေတဲ့နည်းနဲ့ လင်းစေတာ ဖြစ်ပါတယ်။

မိုဆာ မီးသီးကို ရေနှင့် ကလိုရင်း မရောစပ်ဘဲ ရေတစ်မျိုးထဲနဲ့လည်း အလင်းရောင်ရစေပါတယ်။ ဒါဆိုရင် ကလိုရင်းကို ဘာကြောင့် ထည့်တာလဲဆိုတာကို မေးစရာတစ်ခုဖြစ်လာခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ပလတ်စတစ်ဗူးထဲက ရေဟာ မှို ဒါမှမဟုတ် ရေညှိတွေတက်ပြီး ရေဗူးကို အစိမ်းရောင်ပြောင်းသွားနိုင်ပါတယ်။ အဲဒါကြောင့် ဗူးထဲမှာ ရေတွေ အစိမ်းရောင်မဖြစ်လာအောင် ကလိုရင်းကို အသုံးပြုရတာ ဖြစ်ပါတယ်။ ဒီ မိုဆာ မီးသီး အလုပ်လုပ်ပုံက ရိုးရှင်းလှပေမယ့် လျှပ်စစ်မီးကဲ့သို့ အလင်းရောင်ကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မိုဆာ မီးသီးဟာ အလင်းရောင်ရရှိတဲ့ နေ့အခါမှသာ အသုံးပြုလို့ရတာပါ။ ငွေအကုန်ကျသက်သာပြီး လူတိုင်းလည်း လုပ်လို့ရနိုင်တာကြောင့် ဗဟုသုတအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page