ကမ္ဘာ့အန္တရာယ်အများဆုံး နံပါတ် (၁) မြို့တော်အဖြစ် ရန်ကုန်မြို့ သတ်မှတ်ခံရ
နာမည်ကျော် အီကိုနိုးမစ် မဂ္ဂဇင်းကနေ ကမ္ဘာ့အန္တရာယ် အများဆုံး နံပါတ် (၁) မြို့တော်အဖြစ် ရန်ကုန်မြို့ကို သတ်မှတ်လိုက်ပါတယ်။
ယင်းသို့ သတ်မှတ်ခြင်းဟာ လုံခြုံရေးအချက်အလက် (၅) ခုပေါ်တွင် အခြေတည်ပြီး သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒစ်ဂျစ်တယ် လုံခြုံမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အခြေခံ အဆောက်အဦ ပြည့်စုံမှု၊ တဦးချင်းလုံခြုံမှု၊ ပတ်ဝန်းကျင် လုံခြုံမှု စတဲ့ အချက် (၅) ခုအပေါ် မူတည်ပြီး ကမ္ဘာပေါ်ရှိ မြို့ကြီး ၆၀ ကို အမှတ်ပေး သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့အလုံခြုံဆုံမြို့များကတော့ ဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်တဲ့ ဩစတြေးလျ၊ ဂျာမနီ၊ ဒီန်းမတ်၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စပိန်နဲ့ အမေရိကန် နိုင်ငံများမှ မြို့များ အရွေးချယ်ခံခဲ့ရပါတယ်။
အလုံခြုံဆုံး မြို့အဖြစ် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က အရွေးချယ်ခံခဲ့ရပါတယ်။
ရန်ကုန်မြို့ကတော့ မြို့ပေါင်း ၆၀ မှာ အောက်ဆုံးရောက်ခဲ့ပြီး ကမ္ဘာ့အန္တရာယ်အများဆုံး မြို့အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရန်ကုန်ရဲ့ အပေါ်တဆင့်မှာတော့ ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် ကရာချိရှိပြီး၊ ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကရာကတ်နဲ့ အီဂျစ်နိုင်ငံရဲ့ မြို့တော် ကိုင်ရိုတို့ ဆက်တိုက် ရှိနေကြပါတယ်။