အတက်ပဲရှိတဲ့ ကုန်ဈေးနှုန်း၊ တန်ဖိုးထပ်ကျဦးမယ့် ကျပ်ငွေနဲ့ လက်သေးသမားတွေ ဘဝပျက်မယ့်ပွဲ

ဒီပုံစံအရဆို အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်း မကျနိုင်‌သေးဘူး။ ကုန်ဈေးနှုန်းမကျလို့ ကျပြန်တော့လည်း သိသိသာသာပြန်မကျလို့ ပစ္စည်းအကုန်မကျလို့ ပြောနေကြတဲ့အသံတွေ ကျယ်ကျယ်လောင် လောင်ကြားနေရပါတယ်။

ဘာကြောင့် ဒေါ်လာနှင့် ရွှေဈေးရုတ်တရက် ကျရသလဲဆိုတာကို အလွယ်ကူဆုံးနည်းဖြင့် သုံးသပ် ကြည့်ရရင် အဖြေက ရှင်းပါတယ်။ ရိုးရိုးသားသားနှင့် အရပ်စကားဖြင့် ရှင်းပြရမယ်ဆိုရင် ဒီနေ့ စကစက ပြည်ပသွင်းကုန်တွေ ပိတ်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့်ပြည်တွင်းက ဒေါ်လာဈေး ရွှေဈေး ထိုးကျနေတာဖြစ်တယ်။

ကျွန်တော် ကုန်ဈေးနှုန်းနှင့် ပတ်သက်လို့ ခဏခဏ သတိပေးခဲ့ဘူးပါတယ်။ လွန်ခဲ့သောအချိန်က ငွေရှိနေသူများ ရွှေမဝယ်ကြနဲ့တော့ မြေဘက်ကိုလှည့်ပါလို့ ပြောခဲ့ဘူးသလို ရွှေလက်ထဲရှိသူများ ရွေရောင်းပြီး‌ မြေဘက်လှည့်ပါလို့ အကြံပေးခဲ့ဘူးပါတယ်။

ဒီနေ့ စကစဟာ ပြည်တွင်းမှာ ဟော့နေတဲ့ ရွှေဈေး ဒေါ်လာဈေး ကျအောင် သူတို့ဆေးမြီးတိုနဲ့ ကုလိမ့်မယ်ဆိုတာ ကြိုသိခဲ့တယ်။ ဈေးသည်များ ကုန်ပစ္စည်းတွေ မလှောင်ကြနဲ့လို့လည်း အကြံပေးခဲ့ဘူးပါတယ်။ စကစဟာ လူထုအကြပ်အတည်းဖြစ်အောင် လုပ်နေတယ်။ ရွှေပိုက် ဒေါ်လာပိုက်ထားကြသူများအ‌နေဖြင့် ခွက်ခွက်လန်အောင်ရှုံးစေပါတယ်။ မရောင်းလျှင် မရှုံးပါဘူး။ ခုအချိန်ရောင်းသူများ ရှုံးပါမယ်။ မရောင်းပဲ ထားကြစေ
ချင်ပါတယ်။

တကယ့် စီးပွားရေးသမား အပိုငွေ ရှိနေသူများရဲ့လက်ထဲမှာ ဒေါ်လာတို့ ရွှေတို့ ပိုက်မိမထားကြသလို ရှိနေရင်လည်း သူတို့ အရှုံးခံပြီး ဘယ်တော့မှ ထုတ်မရောင်းကြဘူးဖြစ်တယ်။ လူလတ်တန်းစားများ ဒေါ်လာကစားရွှေကစားသူများအဖို့ ဘဝပျက်သွားစေနိုင်ပါတယ်။ လက်ထဲလည်းကြာကြာသိမ်းမထားနိုင်သူများအတွက်က အရမ်းစိတ်မ‌ကောင်းစရာဖြစ်ရပါတယ်။

အောက်ခြေလူတန်းစားများအဖို့ သိသိသာသာ ကျဆင်း မလာသေးတဲ့ ကုန်ဈေးနှုန်းများကြောင့် ဒုက္ခပင်လယ်ဝေ ကြရပြန်တယ်။ ဈေးသည်များအတွက်က အမြတ်လည်း တွက်မရဘူး အရင်းလည်းထပ်ပြီးမထည့်မနိုင်ဘူး။ အရှုံးကတစ်ဝက် အမြတ်အနည်းငယ်နဲ့ ပဲလုံးချာလည်နေရင်း ရောင်းအားကျတဲ့ ဒဏ်ကိုပါခံနေရတယ်။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနေကြရတယ်။ အထက်ကုန်သည်များရဲ့ မျက်နှာထက် လက်လုပ်လက်စား ဈေးဝယ်များရဲ့ မျက်နှာကို ကြည့်ပြီး‌ ရောင်းချရတယ်။

စကစ ကစားနေတဲ့ ရွှေ၊ ဒေါ်လာများဟာ ငွေထုတ်ပိုက်ပြီး ကစားနေသော လူတွေရဲ့ လက်ထဲမှာ မရှိကြပဲ သာမာန်လူတန်းစားတွေရဲ့ လက်ထဲမှာ အများဆုံး ပိုက်မိနေကြတယ်ဆိုတာ ယုံကြည်ပါ။ အကြံပေးပါရစေ။ အရှုံးခံ မရောင်းကြပါနဲ့ ကြောင်ဆိုတာ ကြာကြာရေမငုတ်နိုင်ပါဘူး။ မကြာခင် ရွှေနှင့်ဒေါ်လာပြန်ကစား လာလိမ့်မယ်။

ကုန်ဈေးနှုန်း ဘာကြောင့်မကျတာလဲဆိုတာ လေ့လာကြည့်ရင် သိပါလိမ့်မယ်။ စကစဟာ သူတို့ရဲ့ အတွေးအမြင်ထဲမှာ ကုန်ဈေးနှုန်းကျခြင်းမကျခြင်းကို အာရုံမရှိဘူး။ ပြည်တွင်းမှာ ငွေကျပ် သန်း၃၀၀ နဲ့ အားလုံးကို ကျားကန်ထားတာကို သိကြစေချင်တယ်။ ဒီနေ့ ပြည်သူကိုဒေါ်လာဈေးကျသရောင် ငွေမာသရောင်လုပ်ပြနေတာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာကျပ်ငွေ‌တွေ ဖောင်းပွတာကို ပြည်တွင်းပဲ လိမ်ညာလို့ရမယ် ထင်ပါတယ်။ အခြေခံ စားသောက်ကုန် ကုန်ဈေးနူန်းမကျဘူးဆိုတာက ပြည်ပက‌နေသွင်းကုန်ကို မြန်မာငွေနဲ့ ဝယ်တဲ့အခါ ဈေးမကျကြောင်း ပြနေတာပဲ ဖြစ်တာရယ်။ ပြည်ပထွက်မည့် ဒေါ်လာကို ထိန်းချုပ်ထားတာကြောင့်ဖြစ်တယ်။

တကယ်တော့ ကုန်ဈေးနှုန်းက မကျပါဘူး။ ပြန်တက်လာနေတယ်။ ဈေးသည်တွေကို အပြစ်မတင်ကြပါနဲ့။ တက်ရင် တက်ဈေး ကျလာရင် ကျလာတဲ့ ဈေးသည်တွေ ဖြစ်နေကြပြီဖြစ်တယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ ဈေးသည်လောကမှာ ဘယ်ဈေးသည်မှ အမြတ်ကြီးစားမရောင်းကြပါဘူး။

ခဏစောင့်၊ ဝမ်းနည်းပါတယ်။ သူတို့ ကြောင် ကြာကြာရေမငုတ်နိုင်တာမို့ ရွှေ ဒေါ်လာ နှင့်ကုန်ဈေးနှုန်းများအတွက် မကြာခင် ပြန်တက်လာလိမ့်မည်ဟု သုံးသပ်မိပါတယ်။ ကိုတမာ – အညာမြေ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page