ပြည်သူတွေကို ၁၀ ရက်တိတိ မရယ်ကြရန် မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန် အမိန့်ထုတ်

ဒီဇင်ဘာ ၁၇ ရက်နေ့မှာကျရောက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အောက်မေ့ခြင်း ၁၀ ရက်အတွင်း မြောက်ကိုရီးယားပြည်သူများ အားလုံး ရယ်မောခြင်း မပြုလုပ်ရန် ပြုံယမ်းအာဏာရှင် ကင်ဂျုံအန်က အမိန့်ထုတ်ထားပါတယ်။

အဆိုပါ ရက်များအတွင်း မြောက်ကိုရီးယားပြည်သူတို့အနေဖြင့် မွေးနေ့ပွဲများကျင်းပခြင်း၊ မင်္ဂလာပွဲများကျင်းပခြင်း၊ ပျော်ပွဲရွှင်ပွဲများပြုလုပ်ခြင်း၊ အရက်ဘီယာများ သောက်စားပျော်ပါးခြင်း၊ အော်ဟစ်ရယ်မောခြင်း အစရှိသည်တို့ကို မပြုလုပ်ကြရန် တားမြစ်ထားတယ်လို့ သိရပါတယ်။

ထို့ပြင် စူပါမားကတ်နဲ့ စတိုးဆိုင်များတွင် စျေးဝယ်ထွက်ခြင်းကိုလည်း ဒီဇင်ဘာ ၁၇ ရက်နေ့မှ စတင်တားမြစ်ထားသေးတယ်လို့ ဆိုပါတယ်။

ယခု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဖခင် ခေါင်းဆောင်ဟောင်း ကင်ဂျုံအီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page