ရခိုင်ပြည်နယ် ကျောက်ဖြူတွင် နှစ်ပတ်အတွင်း မြွေကြီး (၂) ကောင် တွေ့ရှိ (နောက်ထပ် တွေ့ဦးမှာလား)
၂.၁၂.၂၀၂၁ ရက်နေ့၊ ၁၇း၃၀ အချိန်ခန့်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်း အရှည် (၈) ပေ၊ လုံးပတ် (၁) ပေခန့်ရှိ စပါးကြီးမြွေ (၁) ကောင် ဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့်
ကျောက်ဖြူခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ပြီး စေတီယျကျေးရွာရှိ မြန်မာ-ဂျပန်ချစ်ကြည်ရေးဘုရားအနီး ဘေးမဲ့တောသို့ သွားရောက် လွှတ်ပေးခဲ့ပါတယ်။
၂၀.၁၁.၂၀၂၁ ရက်နေ့၊ ၀၉ ၂၀ အချိန်ခန့်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခြံဝင်း၌ စပါးကြီးမြွေ (၁)ကောင်ဝင်ရောက်နေကြောင်း အကူအညီတောင်းခံလာပါသဖြင့်
ကျောက်ဖြူခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ပြီး အရှည် (၇)ပေခွဲ၊ လုံးပတ်(၆) လက်မခန့်ရှိ စပါးကြီးမြွေအား ဘေးလွတ်ရာသို့ သွားရောက် လွှတ်ပေးခဲ့ပါတယ်။