ဝိုင်ဘီအက်စ် ယာဉ်စီးခတွေ ၄၀၀ ဖြစ်သွားပါပြီ (အခြေခံလူတန်းစားတွေ ထပ်ပြီး ငတ်ကြရတော့မှာလား)

ယနေ့ (၁၇-၂-၂၀၂၂) ရက်နေ့ကနေ စပြီး YBS ယာဉ်စီးခတွေ (၄၀၀) ကျပ် ဖြစ်သွားပြီလို့ သိရပါတယ်။ ယာဉ်လိုင်း အသီးသီးက ပုံစံအမျိုးမျိုးနဲ့ ကောက်ခံတဲ့အပေါ် ခရီးသွားပြည်သူတွေရဲ့ မှတ်ချက်ကို စုစည်း ဖော်ပြပေးလိုက်ပါတယ်-

ယာဉ်စီးခတွေကို ကုမ္ပဏီပိုင်ကားတွေကအစ ယနေ့မှစ၍ ကျပ် ၄၀၀ ကျပ်တောင်းပါတယ်။ YRTC အနေနဲ့တရားဝင်ကောက်ဆိုခွင့်ပေးထားလားခင်ဗျ။

YBS 29 ရွှေပေါက်ကံ-ဆူးလေ/YBS 4 ယုဇန-ဆူးလေ ( Aircon Bus) ယာဉ်လိုင်းများယနေ့ စတင်၍ ခရီးစဉ်အစအဆုံး ၂၀၀ကျပ်မှ ယခု ၄၀၀ကျပ်သို့ ယာဉ်မောင်းမှတိုးမြှင့်ကောက်မည်ဖြစ်ကြောင်းပြောဆိုလာပါတယ်။

YRTC အနေနဲ့ ခရီးသွားပြည်သူတွေအပေါ် ယာဥ်စီးခတိုးမြှင့်ကောက်ခံနေမှုကို ယခုထိကြပ်မတ်ဆောင်ရွက်နိုင်ခြင်းမရှိသေးတာ ဘာကြောင့်လဲ၊ YBS Pay ကတ်ကိုသာ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ပြီး ယာဉ်စီးခတိုးမြှင့်ကောက်ခံခြင်းမရှိဟု ပြောကြားသော YRTC မှတာဝန်ရှိသူများ ယခုကိစ္စကိုဖြေကြားပေးပါခင်ဗျ။

ယခုလိုဆောင်ရွက်ခြင်းက တစ်ဦးပိုင်(ပုဂ္ဂလိကပိုင်)ယာဥ်များကို ယာဥ်စီးခပိုမိုကောက်ခိုင်းပြီး မထသလူမိုက်ရမ်းကားစနစ်ကို ပိုပြီးအသက်သွင်းသလိုဖြစ်စေပါတယ်။ (Wai Hlyan)

ဒီနေ့မနက် ဗထူးမှတ်တိုင်ကနေစစီးတာ… ybs 28 ပါ ကမ္ဘာအေးထိ ၂၀၀ ဆူးလေထိ ၄၀၀ တဲ့… နံပါတ် တစ် အချက်က Ybs ၂၈ က သူတို့မောင်းပုံမျိုးနဲ့ဆို တခါတလေ ဆူးလေကို နာရီဝက်လောက်နဲ့ ရောက်တဲ့ကားပါ ဘယ်လောက်မှဝေးတာမဟုတ်ဘူး အဲ့ဒါကို ၄၀၀ ပြောင်းတဲ့ထဲပါသွားတယ်…

နံပါတ် နှစ်အချက်က ကျွန်မက ဗထူးကတက်တယ်နော် ကျွန်မဆင်းတဲ့ ဖြိုးစံပယ် ၊ခေမာ နားရောက်တဲ့ထိ ကမ္ဘာအေး ၂၀၀ ဆူးလေ ၄၀၀ အော်နေတုန်း၊ လမ်းဝလောက်ရောက်တဲ့ထိ အဲ့လိုအော်နေဦးမှာလား ဒါဆိုခရီးသည်က ပေးရတာမတန်တော့ဘူးလေ…

ဘာမှစနစ်မကျမရေမရာနဲ့… အကယ်၍ ကားကို တစ်ဆင့်ထဲစီးပြီး အလုပ်သွားရတဲ့သူဆိုရင်တောင် ပိတ်ရက်ဖယ်လိုက်ရင် လတိုင်း bus ကားဖိုးတင် ၁၆၀၀၀ ကျမယ်… ဒါတောင် တစ်ဆင့်ထဲစီးလို့ရမှနော် မဟုတ်လို့ကတော့ ကားခကြီးပဲ ၃၀၀၀၀ လောက်ကျမယ် တစ်လကို… ကချင်မှတောင် ကမှာ…

အဲ့တော့ ခါးပိုက်နှိုက်တွေ၊ လုတာတွေ၊ ဒါးထောက်တာတွေ ၊ အေးဒါးပြတွေ ပေါ်တင်ဒါးပြတွေ နောက်ပိုင်း အများကြီးပိုကြုံလာမှာလို့သာ ကြိုတင်တွေးပြီး ပြင်ထားကြပေတော့ အရပ်ကတို့ရေ… (Cherry Minn Thaung)

YBS 11 ဈေးတက်သွားပါပြီ အောင်မင်္ဂလာ မှ သမိုင်း 200 သမိုင်း မှ လသာ 200 စဆုံး 400 ဖြစ်သွားပါပြီ အင်းစိန်းပန်းခြံ ခဝဲခြံ သမိုင်းမြို့သစ် မှ အုတ်ကျင်း သိရီမြိုင် သံလမ်း ဘူတာရုံလမ်း လှည်းတန်း ဆို 400ကျပ်ကျသင့်တော့မယ်ထင်ပါတယ် (U Thiha)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page