ပွဲစားတွေ လိမ်တာ မခံရစေဖို့ တောင်သူတွေ သိထားသင့်တဲ့ ဆန်၊ စပါး၊ ပဲ အလေးချိန်တွက်နည်း

တောင်သူတွေ ဒါလေးတွေ သိထားခဲ့မယ်ဆိုရင် ပေါင် ပဲ ခိုးခိုး ပိဿာ ပဲ ခိုးခိုး သိပါလိမ့်မယ်

စပါးတတင်းကို (၄၆)ပေါင်နဲ့ ရောင်းမယ်ဆိုရင် (၁)တင်းမှာ ၁၂ ပိဿာ ၇၅ ကျပ်သားရှိပြီး ပေါင်နဲ့ဆိုရင် (၄၆) ပေါင်ရှိပါတယ်။

စပါး (၁) တင်းကို ပေါင် (၅၀)နဲ့ ရောင်းမယ်ဆိုရင် (၁၄) ပိသာရှိတယ်။ (၅၀.၄) ပေါင် ၁၄ ပိဿာ ရှိပါတယ်။ ဆန်က (၁)တင်းကို (၂၀ ပိဿာ ၈၅ကျပ်သား) ရှိတယ်။ ဆန်တစ်တင်း (၇၅) ပေါင်ရှိပြီး ဆန်တစ်အိတ်ကို (၁၀၈) ပေါင် ရှိတယ်။ မတ်ပဲ တစ်တင်းကို ပိဿာ (၂၀)ရှိတယ်။ ပေါင်ဆိုရင် (၇၂) ပေါင်ရှိတယ်။

(၁) ပိဿာ မှာ (၃.၆) ပေါင်ရှိတယ်။ (၁) တန်ကို (၂၂၄၀) ပေါင် ရှိတယ်။ (၁)တန်မှာ (၆၁၂.၅) ပိဿာ ရှိတယ်။

ပွဲစားပဲဖြစ်ဖြစ်/ ကုန်သယ်ပဲဖြစ်ဖြစ်/ ပဲ စပါး လာဝယ်ရင်( ကတ္တား)ချိန်ကြည့်ပါ။ ကတ္တားပေါ်ကို (၁) ပိဿာ အလေး တင်ကြည့်ပါ။ (၃.၆) ပေါင် ရှိရင် ကတ္တား အမှန်ပါ။ (၃.၆) ပေါင်ထက် လိုနေပိုနေခဲ့ရင် ကတ္တားကို တစ်ခုခု ပြုပြင်ထားချင်း ဖြစ်ပါသည်။

hya_phyo_aung

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page