မဟာဗောဓိမြိုင်ဆရာတော်ကြီး အပူဇော်ခံ ဆွမ်းခံကြွခြင်း ရပ်နားမယ့်နေ့ကို ကြေညာလိုက်ပြီ

ကြေညာချက် (တစ်လခန့်သာ ကျန်ရှိတော့သော အခွင့်အရေး)

အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ပတ်သက် ဆက်စပ်လျက်ရှိကြပါကုန်သော ဝေနေယျ အပေါင်းတို့အား သိရှိစေရန် ကြေငြာအပ်ပါသည်။

အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ် ဝါဆိုလပြည့် ကျော် (၁)ရက်နေ့မှစတင်၍ သာသနာ့အကျိုး လောကကောင်းကျိုးအတွက် (၇) ရက်သားသမီးများ၏ ကုသိုလ်အကျိုးငှာ ဆွမ်းခံပြီး အပူဇော်ခံ ကြွပေးနေခြင်းကို

၁၃၈၃ ခုနှစ် ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရားစာပေါင်းပွဲတော်ကြီးကျင်းပရန် ရှိနေပါသဖြင့် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ( ၁၂ ) ရက်နေ့ (၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့) တွင် ဆွမ်းခံကြွပြီး အပူဇော်ခံခြင်းကို ရပ်နားမည် ဖြစ်ပါကြောင်း ဝေနေယျ သာ၀ကအပေါင်းတို့အား သိရှိစေရန် ကြေငြာအပ်ပါသည်

ဦးခင်မောင်ဝင်း (ကပ္ပိယကာရက)
အတွင်းရေးမှူး၊ နတ်တလူ သာသနာပြုအသင်း၊ ကန့်ဘလူမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page