တနှစ်အတွင်း လူတွေ ဘယ်လောက် ဉာဏ်နည်းသွားတယ်ဆိုတာ စမ်းသပ်လိုက်တဲ့ပွဲ
ကမ္ဘာမှာ road bike တန်ဖိုးဟာ စျေးအပေါဆုံး အိမ်စီးကား အဟောင်း တစီးကနေ စျေးအလယ်အလတ် အိမ်စီးကား အသစ် တစီးစာ တန်ဖိုးနဲ့ ညီတယ်။
ကျွန်တော်ပြောတာ အပို မဟုတ် .. road bikes / ပိုင်ရှင်တွေသာ မေးကြည့်။
Carbon fiber bike တွေဆို ပျှမ်းမျှ ဒေါ်လာ ၃,၀၀၀ ကနေ ဒေါ်လာ ၂၀,၀၀၀ ကျော်ထိ ရှိတယ်။ တချို့ စက်ဘီး ဂွေ သို့မဟုတ် ဘောင် သီးသန့် တခုချင်းစီ တန်ဖိုးတောင် ဒေါ်လာ ၂,၀၀၀ ကနေ ၁၀,၀၀၀ လောက် ပေးရတယ်။ စက်ဘီး တစီးလုံး မဟုတ်ဖူးနော် .. ဂွေ (wheels) နဲ့ ဘောင် (frame) .. Gears ဆိုတာကလည်း အစားစား ..
အဲဒီလို စျေးကြီးပေးရတဲ့ စက်ဘီး ပိုင်ရှင်တိုင်းဟာ .. ဂျလုံး ပလုံး စက်ဘီး အစုတ်ပလုပ်တွေ နဲ့ တန်းညှိပြီး .. စျေး အပေါစား ဆု (ဒေါ်လာ ၁၂၀ ကနေ ဒေါ်လာ ၈၀၀ သာဆုကြေး) ပေးတဲ့ ပြိုင်ပွဲကို မပြိုင်ဘူး။
အကယ်၍ .. တာထွက်မှာ ဖြစ်ဖြစ် .. လမ်းမှာ ဖြစ်ဖြစ် စက်ဘီးချင်း ညိတာ .. ကန့်လန့်ဖြတ် ဝင်လာတာဆို အခုန တန်ကြေးကြီး စက်ဘီး နစ်နာမှုဟာ အခုန စက်ဘီး တစီးစီရဲ့ wheel ဖိုး gear ဖိုးတောင် မရှိ။
ဒါတောက် material value .. physical health value အရ တော်ရုံ ပွန်းတာ ပဲ့တာကနေ head injury ရရင် သွားပြီ။
Safety အရ race တိုင်းမှာ helmets – ဦးထုပ်ကို မပါမဖြစ် ဆောင်းရပါတယ်။ လူမှာ တန်ဖိုး ရှိသလို ပစ္စည်းတိုင်းမှာလည်း တန်ဖိုးရှိတယ်။
ဘယ်ကောင် ဘာဖြစ်ဖြစ် ဘယ်ပစ္စည်း ဘာဖြစ်ဖြစ် ငါတို့ ပွဲဖြစ်ရင် ပြီးရော ဆိုတဲ့ စိတ်နဲ့ လုပ်တဲ့ သူတွေ နဲ့ ပြိုင်တဲ့သူတွေ အသိဥာဏ်ဟာ သေချာ ချိန်ဆပြီး ခုန်ကူးတတ်တဲ့ ကြောင်တို့ မျောက်တို့ထက် အသိဉာဏ်နည်းတယ်။
Safety measure မပါပဲ အရင် မန်းလေး ကျုံးဆယ်သလို .. တအိမ်တယောက် မပြိုင်မနေရတို့ မလိုက်မနေရတို့ အာဏာရှင် ဆန်ဆန် လုပ်ခိုင်းရင် အားလုံး တိရိစ္ဆာန်ထက် ဥာဏ်နည်းတဲ့ အဖြစ်ဖြစ်မယ်။
လူတွေ တနှစ်အတွင်း ဘယ်လောက် ဉာဏ်နည်းသွားသလဲ ဆိုတာ စမ်းသပ်တဲ့ ပွဲပါပဲ။
I am just reporting ပါ။
Myo Han Htun