မူလပထမ ၅၀၀ တန် ဇလုံထမင်းဆိုင် ပိုင်ရှင်ရဲ့ ရှယ်အလှူကြီး လာပါပြီ (၂ ရက်နေ့မှာ လှူမှာပါတဲ့)
လူတဦးလျှင် ဆန်နို့ဆီဗူး(၄)လုံး၊ ကြက်သွန်နီ (၅၀) ကျပ်သား၊ ဘာလချောင်ကျော် ၂ထုပ် တို့ လှူဒါန်းပေးသွားမည်။
ဇလုံ ၅၀၀ ကျပ်တန် ထမင်းဆိုင်ကို စတင်ခဲ့တဲ့ ဦးနေသူရိန်မှ နှစ်ဦးအလှူအဖြစ် မြောက်ဒဂုံမြို့နယ်က ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်တည်နေရာမှာ ဇန်နဝါရီလ (၂) ရက်နေ့ နံနက် ၁၀ နာရီတွင် အခြေခံလူတန်းစားများအတွက် စားသောက်မှုကို အကူညီဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် လူဦးရေ ၂၀၀၀ ခန့်ကို အလှူပေးသွားမှာဖြစ်ပါတယ်။
လူတစ်ဦးလျှင် လက်ခံရရှိမည့် အလှူပစ္စည်းများမှာ ဆန်နို့ဆီဗူး (၄) လုံး၊ကြက်သွန်နီ (၅၀) ကျပ်သား၊အသင့်စားသောက်နိုင်သော ဘာလချောင်ကျော် ၅၀၀/ ကျပ်တန် (၂) ထုတ် ဖြစ်ပါတယ်။
အဆိုပါ အလှူပစ္စည်းများအတွက် ကုန်ကျစရိတ်မှာ တစ်ဦးလျှင် ၂,၁၉၀ ကျပ်နှုန်းဖြင့် လူဦးရေ စုစုပေါင်း ၂,၀၀၀ စာအတွက် ကျပ်ငွေ ၄,၃၈၀,၀၀၀/ ခန့်ကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။
လှူဒါန်းတဲ့ အလှူရှင် ဦးနေသူရိန်နဲ့ ဝေယျာဝစ္စဆောင်ရွက်ပေးတဲ့ စေတနာရှင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
၅၀၀ တန် ထမင်းတင်မက လိုအပ်တဲ့ စားသောက်ကုန်များကို လှူဒါန်းပေးတာဟာဆိုရင် အခြေခံလူတန်းစားများအတွက် အလွန်ကို အကျိုးရှိ ထိရောက်တဲ့ အလှူပဲ ဖြစ်ပါတယ် ခင်ဗျာ။