မနက်ဖြန် ဓာတ်ဆီဈေး ၂၀၀၀ ကျော်နိုင် (ရေလုံပြုတ်စားပြီး လမ်းလျှောက်ရတော့မယ့် မြန်မာပြည်သူများ)
ယူကရိန်းစစ်ပွဲရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတစ်ခု
နဂိုကတည်းကမှ ဘယ်သူကမှအဖက်မလုပ်လို့ ဈေးတွေက တက်နေရတဲ့အထဲ စက်သုံးဆီရောင်းသူတွေအဖို့ ဆင်ခြေဆင်လက်ဆင်နားရွက်တွေ ထပ်မံရရှိသွားစေပါတော့တယ်။
ပြည်သူတွေကတော့၊ နီနီ စိမ်းစိမ်း ခြံခွထိုင်ထိုင် အားလုံးအတူတူ ခံကြစေသတည်း။ ပိုပြီး ဆင်းရဲတွင်းနက်နက်ထဲ တမင်တူးစရာမလိုဘဲ ဆင်းကြစေသတည်း။ (Francis Zin)
တစ်ရက် အတွင်း 92 Ron ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၀၀ ကျော်ထိ ထပ်မံမြင့်တက် (သတင်း အပြည့်အစုံကို ဆက်လက် ဖော်ပြထားပါတယ်)
ပြည်တွင်းစက်သုံးဆီဈေး ရန်ကုန်တိုင်းဒေသကြီးတွင် တစ်လီတာ ကျပ် ၁၉၀၀ကျော်အထိ ဆက်တိုက်မြင့်တက်လာနေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရပါတယ်။
မတ် ၃ ရက် ရန်ကုန်ဈေးနှုန်းဟာ အောက်တိန် 92 တစ်လီတာကို ၁၉၁၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၉၆၅ ကျပ်၊ အောက်တိန်း 97 တစ်လီတာကို ၂၁၈၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၁၉၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၁၉၃၅ ကျပ် ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။
မတ်လ ၂ ရက်တွင် တစ်လီတာလျှင် ၁၇၈၀ ကျပ်သာရှိသည့် 92 Ron ဓတ်ဆီမှာ ယနေ့မတ်၃ ရက်တွင် တစ်လီတာလျှင် ၁၉၀၅ ကျပ်ထိ စျေးနှုန်းမြင့်တက်လာခြင်း ဖြစ်ပါတယ်။ ရုရှား ယူကရိန်း စစ်ပွဲနှင့် ကုန်ဈေးနှုန်းတက်မှုများကြောင့် စက်သုံးဆီစျေးနှုန်း များ နေ့စဉ် နှင့်အမျှ မြင့်တက်လျှက်ရှိပါတယ်။
ပြည်တွင်းစက်သုံးဆီဆိုင် တချို့မှာတော့ မတ် ၂ ရက်တုန်းက ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းဟာ ကျပ်(၂၀၀၀) ကျော်ထိ ပေါက်ဈေးရှိနေတာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းကတော့ မတ် ၂ ရက် တုန်းက တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၁၀ ဒေါ်လာအထက်ကို မြင့်တက်ခဲ့တယ်လို့လည်း သိရပါတယ်။