ချစ်သူများနေ့ မတိုင်မီ ဘန်ကောက်မြို့တွင် ကွန်ဒုံး အရေအတွက် နှစ်သန်း အခမဲ့ ပေးဝေမည်ဟုဆို
ထိုင်းနိုင်ငံ၌ လူငယ်များအကြား ကူးစက်သည့်ရောဂါဖြစ်ပွားမှုများလာခြင်းနှင့်အတူ လာမည့်ဗယ်လင်တိုင်းနေ့ကို ဦးတည်ကာ ဘန်ကောက်မြို့တော်၌ ကွန်ဒုံးနှစ်သန်းကို ကျန်းမာရေးတာဝန်ရှိသူများက အခမဲ့ဝေငှသွားမယ်လို့ သိရပါတယ်။
မြို့တော်လုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ကွန်ဒုံးများကို စီရင်စု ၅၀ စလုံး၌ အခမဲ့ဝေငှသွားမည် ဖြစ်ကြောင်း မြို့တော် ကျန်းမာရေးဌာနညွှန်ကြားရေးမှူးက ပြောပါတယ်။
ယခုနှစ်အတွင်း ဘန်ကောာက်မြို့တော်၌ အေအိုင်ဒီအက်စ်ရောဂါကူးစက်မှုအသစ် ၁၁၂၈ ဦး နှင့်အတူ ရောဂါကူးစက်သူပေါင်း ၈၁၄၃၆၅ ဦးရှိလာမည်ဟု ၎င်းကခန့် မှန်းထားပါတယ်။
၂၀၂၀ပြည့်နှစ်တွင် လူတစ်သိန်းလျှင် ဆစ်ဖလစ်ရောဂါကူးစက်ခံရမှု ၄၀ ဒသမ ၄၆ ဦးရှိခဲ့ပြီး အဆိုပါနှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိသူများတွင် ပိုမို မြင့်မားနေတာ ဖြစ်ပါတယ်။
ဂနိုးရီးယား ရောဂါဖြစ်ပွားမှုနှုန်းသည်လည်း လူငယ်များအကြား မြင့်တက်နေပြီး လူတစ်သိန်းလျှင် ၅၈ ဒသမ ၈ ဦးနှုန်းရှိနေတာ ဖြစ်ပါတယ်။