ဘုရားပေါ်မှာ မြန်မာတွေ ဖိနပ်မစီးတဲ့ အကြောင်းအရင်းနဲ့ နိုင်ငံခြားသားတွေရဲ့ အမြင်

အလေးအမြတ်ထားသောအားဖြင့် ရိုသေသမှုဖြင့်/ ကုသိုလ်စိတ်ဖြင့် မြန်မာတို့သည် ဘုရားကျောင်းကန် (သာသနိကအဆောက်အအုံများ၏) ပရိဝုဏ်အတွင်းတွင် ဖိနပ်မစီးကြပါ (ဖိနပ်စီး၍လည်း အကုသိုလ်မဖြစ်နိုင်ပါ)

မြန်မာမှအပ ထိုင်း လာအို ကမ္ဘောဒီးယား စသည့် အခြားထေရဝါဒနိုင်ငံများတွင် ဘုရားဖူးများကို ဖိနပ်စီးခွင့်ပြုထားပါသည် (အချို့နေရာများတွင် ဖိနပ်မချွတ်ရ ဆိုင်းဘုတ် ချိတ်ထားတတ်ပါသည်)

သို့သော် ဖိနပ်ချွတ်နေကျ ကျွန်ုပ်တို့သည် ပရိဝုဏ်အတွင်း ဖိနပ်စီးထားရခြင်းကြောင့် အပြစ်ကျူးလွန်နေသယောင် အကုသိုလ် ဖြစ်နေသယောင် ခံစားရကြပါသည်။ ဆန့်ကျင်ဘက်အားဖြင့် ဖိနပ်အမြဲစီးနေကျ သူများအား ဖိနပ်ချွတ်ခိုင်းပါက မည်သို့ ခံစားကြရမည်နည်း။

မည်သို့ပင် ဆိုစေကာမူ ရောမ ရောက်လျှင် ရောမလို ကျင့် ကြရမည်သာ ဖြစ်သည် (ပူးတွဲပုံ) ၁၉၁၁ ခုနှစ်ဝန်းကျင် ရွှေတိဂုံဘုရားဖူး ဂျာမန်များ ၁၉၂၀ပြည့်နှစ်များ မတိုင်မီအထိ ရွှေတိဂုံဘုရား ရင်ပြင်ပေါ်သို့ ဥရောပတိုက်သားများသည် ဖိနပ်စီး၍ တက်လေ့ရှိခဲ့ကြသည်။

မြန်မာတို့က မည်သူမဆို ဖိနပ်ချွတ်ရ မည်ဟု အတင်းအကြပ် ပြောသောအခါ အများစုမှာ ဖိနပ်ချွတ်ရမည်စိုး၍ ရွှေတိဂုံကိုပင် မလာကြတော့သည်မှာ ၁၉၄၀ပြည့်နှစ်များ မတိုင်ခင်ကတည်း က ဖြစ်ပါသည်။

ဝမ်းနည်းစရာ မဟုတ်ပါ ရောမ လို မကျင့်နိုင်သူများ ရောမ သို့ မလာကြခြင်းသာ ဖြစ်ပါသည် (သို့သော် အချို့ ဘုရားပရိဝုဏ်များအတွင်း ရင်ပြင်သန့်ရှင်းရေး အလွန်အားနည်းသဖြင့် ဖိနပ်ချွတ်ခိုင်းရတာ အားနာမိတာတော့)

Kyaw Myint Oo

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page