ဥက္ကဌကြီးရဲ့ မန်နေဂျာ ရွေးချယ်နည်း (လောကကြီးမှာ မှန်တိုင်း ပြောသင့်လားဆိုတဲ့ သင်ခန်းစာ)
ဥက္ကဌ ကြီးက မန်နေဂျာ သုံးယောက်ကို ခေါ်ပြီး မေးခွန်း တစ်ခုမေးတယ် ။ “၂+၂ = ၅ မှန်သလား ?” ပထမ မန်နေဂျာက “လုံး၀ တစ်ရာ ရာခိုင်နှုန်းမှန်ပါတယ် ဥက္ကဌကြီး ” ဒုတိယ မန်နေဂျာက “၂ + ၂ မှာ ၁ ထပ်ပေါင်း လိုက်ရင် ၅ မှန်ပါတယ်” လို့ ဖြေတယ် ။ တတိယ မန်နေဂျာက “လုံး၀ မှားပါတယ် ၂ + ၂ = ၄ ရပါတယ် ။”
နောက်တနေ့ ရုံးတက်ချိန်မှ စပြီး တတိယ မန်နေဂျာကို ရုံးမှာ နောက်ထပ် မတွေ့ရတော့ပေ ။ တတိယ မန်နေဂျာ ကိုမှ ဘာကြောင့် အလုပ်ဖြုတ်လိုက်တာ လဲ ဆိုပြီး ဥက္ကဌ ကြီး လက်ထောက်က စောဒက တက်တယ် ။ ဥက္ကဌကြီးက ရှင်းပြတယ် ။
“ပထမ မန်နေဂျာ က လူလိမ် ဖြစ်တယ် သူ လူလိမ် ဆိုတာလည်း ငါသိတယ် ။ ( ဒါပေမယ့် သူနဲ့ အလုပ်ဖြစ်နိုင်တယ် )” “ဒုတိယ မန်နေဂျာ က ဉာဏ်ပညာ ရှိတယ် ။ သူ ဥာဏ်ပညာ ရှိတာလည်း ငါသိတယ် ( သူလည်း အလုပ်ဖြစ်တယ် )” “တတိယ မန်နေဂျာက လူမှန် ။ သူ လူမှန်ဆိုတာ ငါသိတယ် ( သူကျတော့ လူ့ဂွစာ အရမ်း လက်ပေါက်ကပ် ပြီး ပေါင်းသင်းရ ခက်မယ် ) ဒါကြောင့် သူ့ကို မလိုအပ်တာ ”
ရှင်းပြပြီးတာ နဲ့ သူ့လက်ထောက်ကို ပါ မေးခွန်း ထုတ်လိုက်တယ် ။ “မင်းရော ဖြေပါအုံး ၂ + ၂ = ၅ မှန်သလား ?” လက်ထောက်က ပျာပျာသလဲ နဲ့ “ဆရာကြီး အခုလို ရှင်းပြလို့ သဘောပေါက်သွားတယ်.. ဆရာ့ ပညာ အရမ်း မြင့်တယ် နက်နဲတယ် ။ဆရာ့ လို ပညာရှိ စကားကို တပည့် လို့ ဘာမဟုတ်တဲ့ ကောင်က ဖွင့်ဆို နိုင်စွမ်း မရှိပါဘူး ” ဆိုတော့
ဥက္ကဌ ကြီးက “မင်းက လူလည် လူပါး.. ဘယ်ဘက်က သာလဲကြည့်မယ်.. သာတဲ့ဘက်ကို ပြေးကပ်တတ်တယ်.. ( ဒါကြောင့်. မင်းလိုလူလဲ ငါ့အတွက် လိုအပ်တယ်.) ” ၀မ်းနည်းစရာပဲ ဒါ ဒီခေတ်ရဲ့ လက်ရှိ အခြေအနေပါ ပဲ ။
မူရင်းရေးသားသူအား လေးစားမှုဖြင့်