စီးပွားပျက်ကပ် ဆိုက်တော့မယ့် မြန်မာပြည်နဲ့ မျှော်လင့်ချက်တွေ မဲ့လာတဲ့ ပြည်သူတွေ

ကျွန်တော်တို့ တကယ်ပင်ပန်းနေကြပါပြီ။ ၂၀၂၀ ကိုဗစ် ပထမလှိုင်းကတည်းက ရုန်းကန်လာလိုက်ရတာ အခု ၂၀၂၂မှာ ဝန်ထုပ်ဝန်ပိုးတွေ တော်တော်ထမ်းပိုးရင်း ရှေ့ဆက်ဖို့ အလွန်ခက်ခဲလာပါပြီ။

တချို့အလုပ်တွေ ဝင်ငွေတွေရနေတယ်၊ အမြတ်တွေရနေတာပဲ ဘာလို့ စိတ်ရှုပ်နေရလဲ ပူပင်နေရလဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ အလုပ်လုပ်တယ်ဆိုတာ ငွေရှာတယ်ဆိုတာထက်ပိုပါတယ်။

အလုပ်လုပ်နေကြတာဟာ ဝါသနာပါတဲ့အလုပ်တွေကို ပျော်ရွှင်စွာလုပ်ဖို့၊ အနာဂတ်အတွက် စိတ်ချချင်လို့၊ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုစေဖို့၊ လူသားတွေကို ကူညီဖို့၊ လှပတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးကြဖို့ လူသားတွေဟာ ကိုယ်ကျွမ်းကျင်ဝါသနာပါရာ အလုပ်ကို လုပ်နေကြတာပါ။ မျှော်လင့်ချက်တွေပါတဲ့အတွက် အလုပ်လုပ်နေရတာ ပျော်စရာကောင်းနေပါတယ်။

အခုအခြေအနေတွေအရ အလုပ်လုပ်ရတာလဲ အလွန်ငြီးငွေ့ဖွယ်ကောင်းလာပါတယ်။ ဘာလို့လဲဆိုတော့ စားဝတ်နေရေးကြောင့်သာလုပ်နေရတာ အနာဂတ်ကို မမြင်နိုင်ကြရတော့တာကြောင့် လူတွေ အားလုံး ညှိုးငယ်စွာနဲ့ လမ်းပေါ်မှာ အလုပ်တွေမှာ မြင်နေရတာ ဖြစ်ပါတယ်။

ဒီအကျိုးဆက်က တိုးတက်တဲ့တီထွင်မှုတွေ ထွက်ပေါ်မလာနိုင်တော့ပါဘူး။ ပိုးဆိုးလာရင် လူတွေပါ ငအတွေဖြစ်ကုန်ကြပါလိမ့်မယ်။ စားသောက်ကုန်နဲ့စက်သုံးဆီဈေးတွေ မြင့်တက်လာပေမယ့် လုပ်ခလစာတွေတိုးမရတဲ့အပြင် ရှိတဲ့အလုပ်လေးပြုတ်မသွားအောင် ရုန်းကန်နေကြရသူတွေချည်း ဖြစ်နေပါတယ်။

လုပ်ငန်းရှင်တွေကလဲ လုပ်ငန်းတွေ ရပ်မသွားအောင် မနဲကျားကန်နေရတဲ့အနေအထားဖြစ်နေတဲ့အတွက် ရှိတဲ့ဝန်ထမ်းဦးရေကို ဆက်ထိမ်းနိုင်ပါ့မလားလို့ ညည အိပ်မပျော်နိုင်ကြပါဘူး။ နှစ်ရှည်လက်တွဲလာတဲ့ အားကိုးရတဲ့ လုပ်သားတွေကို ဘယ်လုပ်ငန်းရှင်မှ လက်မလွတ်ချင်ကြပါဘူး။

မြန်မာနိုင်ငံမှာ လုပ်ငန်းငယ်အများစု အလုပ်ရှင်နဲ့ဝန်ထမ်း တိုက်ရိုက်ထိတွေ့ကြတဲ့အတွက် သံယောဇဉ်လဲအပြန်အလှန်ရှိကြပါတယ်။ မြို့ထဲသွားရင် သတိထားကြည့်ပါ စားနေကြ ခေါက်ဆွဲဆိုင်လေး ရှိသေးရဲ့လား။ သောက်နေကြလဘက်ရည်ဆိုင်လေးရှိသေးရဲ့လား အရင်ဆိုင်နေရာလွတ်မရှိတဲ့လမ်းတွေပေါ်မှာ အခုဆို ဆိုင်ခန်းငှားမည်ဆိုတဲ့ ဆိုင်းဘုတ်တွေ တန်းစီနေကြပါပြီ ။

ပိတ်သိမ်းသွားတဲ့ဆိုင်တွေအလွန်များလာပါပြီ။ လုပ်ငန်းကြီးတွေသာမက တနိုင်တပိုင်လုပ်ငန်းငယ်တွေပါ ပိတ်သိမ်းနေကြရပါပြီ။ ဥပမာ အာလူးဈေးနဲ့ဆီဈေးတက်တော့ တနိုင်တပိုင် အာလူးကြော်တံဆိပ်လေးတွေ ဆိုင်တွေပေါ်မှာမတွေ့ကြရတော့ဘူးနော်။ ငွေကိုချွေတာသုံးကြပါ။ မလိုအပ်တာအတွက် လုံးဝငွေကုန်မခံပါနဲ့။ ဒီထက်ပိုခက်ခဲလာရင်…

PyiSoeOo

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page