အချိုရည်ထဲမှာ ကျောက်မီးသွေးနဲ့ ကော်စေ့တွေပဲ ပါတယ်ဆိုတဲ့အပေါ် ဒဲ့ဖြေရှင်းလိုက်တဲ့ ပညာရှင်တဦး

အရမ်းဟော့ ဖြစ်နေတဲ့ အချိုရည် အကြောင်းလေးပါ။ နံပတ်မှာ ၁ အားလုံးက သကြားရည်ကိုအခြေခံထားကြတာပါပဲ (sugar syrup) လို့ခေါ်ကြတယ်။ သကြားရည်နဲ့၊ နံပါတ် (၂) ဆေးသကြားလို့ခေါ်တဲ့ Cyclamate ကို အချိုးကျ ထိန်းသိမ်း ပြုပြင် (value added) ပြီး ဆီးချိုကို ထိန်းပေးကြတယ်။ ဒါပေမယ့်လည်း များများသောက်ရင် ဆီးချိုနဲ့ မလိုလားအပ်တာတွေဖြစ်မယ် ချင့်ချိန်သောက်ကြပေါ့။

နံပါတ် (၃) အနံ့ (Flavour) ပါမယ်။ နံပါတ် (၄) အစားအသောက် အရောင် (food grade color) ပါမယ်။ နံပါတ် (၅) အချဉ်အတွက် သံပုရာသီး ကနေအခြေခံပြီးထုတ်ယူထားတဲ့ စစ်ထရစ် အက်ဆစ် ပါမယ်။ နံပါတ် (၆) တာရှည်ခံဆေး (sodium benzorate ) ပါမယ် ဒါကသူ့သတ်မှတ်ပမာဏပဲထည့်ရတယ်။

နံပါတ် (၇) လိုင်ချီးဆိုရင် Natadecoco လို့ခေါ်တဲ့ အုန်းသီးကနေထုတ်တဲ့ လိုင်ချီးဖတ်လေးတွေပါမယ် (လိုင်ချီးကနေထုတ်ရင် တအားပျော့တဲ့အတွက် ထုတ်လုပ်ရေးလုပ်ငန်းစဉ်မှာ အဆင်မပြေ ဖြစ်နိုင်လို့ အုန်းသီးဖက်ကနေ အနံ့နဲ့အရသာဖယ်ပြီး ထုတ်ရတယ်)

နံပါတ် (၈) လိမ္မော်ဆိုရင် လိမ္မော်သီးအတွင်းက အဖတ်တွေကို စနစ်တကျထုတ်ပြီး သတ်မှတ်ထားတဲ့ အေးခဲအပူချိန်မှာ ပိုးမပေါက်အောင်ထားပြီး လေလုံတဲ့ ပုံးတွေနဲ့ မြန်မာပြည်ထဲ သွင်းပြီးသုံးရတယ်။ မြန်မာမှာတော့မရှိဘူး လိုချင်ရင်တော့ တစ်လုံးချင်းခွာပြီး ထည့်လို့ရတယ်။

နံပါတ် (၉) မန်ကျည်းဖျော်ရည်ဆိုရင် မန်ကျည်းသီးကို မြန်မာပြည်အထက်ပိုင်းကနေ ပိဿာနဲ့ကိုဝယ်ပြီး အစေ့ထုတ် အပူပေးပြီး ပိုးသတ်ကြိတ် ရလာတဲ့အနည်အနှစ်ကိုမှ ပြန်သုံးကြတယ် (ဒါတွေကိုယ်တိုင် သုတေသန လုပ်ခဲ့တာတွေ၊ ဖော်မြူလာ လိုချင်လာတောင်း ပေးမယ်)

ဒီစာထဲကလို ကျောက်မီးသွေးတွေ ကော်တွေက နံပါတ် (၁) ကျောက်မီးသွေးက ဘွိုင်လာ မှာသုံးတာ သကြားတွေ အရည်ဖျော် ဖို့အပူလိုတယ်မလား အပူပေးဖို့သုံးတာ။ နံပါတ် (၂) ကော်စေ့က ဘူးတွေလုပ်ဖို့ သုံးတာ perform လို့ခေါ်တယ်။ အမလေးမောတာ လေမှုတ်နည်းပညာနဲ့ လုပ်ရတယ်။ မိုလ်ဒ်နဲ့ ကိုယ်လိုချင်တဲ့ပုံစံကို ကိုယ့်ဘာသာ လေမှုတ်စက် (blow machine ) နဲ့ လုပ်ကြတယ်။ အချိုရည်ဆိုတော့ ဘူးတွေပုံစံ မျိုးစုံလိုတယ်မလား။

သူပြောသလို အရသာမတူဘူး ဟုတ်တယ်မတူဘူး။ ဒါပေမယ့် ပါဝင်ပစ္စည်းတွေက အတူတူပဲ။ မြန်မာနိုင်ငံရဲ့ဈေးကွက်ကို ကြည့်ပြီးထုတ်ရတယ် သူများနိုင်ငံမှာလို ၃၅၀ မီလီလီတာ တစ်ဘူးကို မြန်မာငွေ ၃/၄ထောင်ပေးဝယ်သောက်နိုင်ရင် ရှင်တို့ကို နိုင်ငံခြားက ဖော်မြူလာ အတိုင်း ထုတ်ပေးလိမ့်မယ်။

စီးပွားရေးသမားဟာ စီးပွားရေးလိုပဲလုပ်လိမ့်မယ်။ ၃ ထောင်တန်တာ တစ်ထောင်ပဲပေးချင်ရင် ၃ချိုး၂ချိုးလျှော့လိမ့်မယ်။ ဒါလူတိုင်းကျင့်သုံးနေတဲ့ အမှန်တရားပဲ။ အဲ့မှာလူကို ထိတဲ့တာရှည်ခံဆေး (preservative ) မပါတာသောက်ချင်ရင် အပူနည်းပညာနဲ့ ပြုလုပ်တဲ့ ကုန်ပစ္စည်းတွေ ဝယ်သောက်။

ပေါကာတို့ နူထရီဘုစ်တို့လို ပစ္စည်းမျိုးက ပိုးမပေါက်အောင် အပူချိန် ၈၂ ဒီဂရီနဲ့ ပိုးသတ်ပြီးမှ ဘူးထဲထည့်တာ ဆိုတော့ သူတို့က ဖွင့်ပြီးတာနဲ့ တခါတည်းအကုန်သောက်လေ စိတ်ချရလေပဲ။ ပြီးတော့ အပူနည်းပညာသုံး ပစ္စည်းတွေက သကြားရည် (sugar syrup) ကိုအနည်းငယ်ပဲသုံးထားကြတယ် (ကော်စေ့နဲ့ကျောက်မီးသွေးပဲတွေ့ဖူးတဲ့လူက ကွန်တိန်ာ ချရင် ကူလီလုပ်ရတဲ့လူပဲဖြစ်မယ်) Htoo Mon 09.08.2022

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page