(၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ ကြုံနေရတဲ့ အခက်အခဲနဲ့ အတွေးအခေါ် ပြောင်းလဲရမယ့် ရွှေမြန်မာများ

သိရသလောက် ၅၀၀ ကျပ်တန် ထမင်းဆိုင်ဆိုတာ ငွေကြေးချို့တဲ့သူတွေ အဆင်ပြေပြေစားနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်နေကြတာပါ။

စားနိုင်သောက်နိုင်လူတွေက ဘာလို့ တိုးကြိတ်ပြီး သွားစားနေကြပါလိမ့်။ နွမ်းပါးသူတွေအတွက် ကိုကမကူညီနိုင်ရင်တောင် သူတို့အခွင့်အရေးကိုတော့ မယူသင့်ပါဘူး။

တကယ်နွမ်းပါးသူတွေက မာနရှိကြတယ်။ အရှိန်အဝါ ဆိုတာကို သိနေတော့ ချမ်းသာသူတွေနဲ့ ထမင်းအတူထိုင်စားဘို့ သူတို့အတွက် ခက်ခဲကုန်ကြတယ်။

သင့်အတွက် ထမင်းတစ်နပ်က မခဲယဉ်းပေမယ့် ထမင်းတစ်နပ်အတွက် ခက်ခဲရုန်းကန်နေသူတွေကို အခွင့်အရေး ပေးလိုက်ပါ။

ဆိုက်ကားဘဲ စီးနိုင်သူဟာ လေယာဉ်ပျံ ပေါ်ရောက်ရင် စိတ်ကျဉ်းကြပ်သွားတတ်ပါတယ်။ လိုရာခရီးကို ဆိုက္ကားစီးဘို့ ကူညီလိုက်ပါ၊ လေယာဉ်နဲ့ခေါ်သင့်မှ ခေါ်ပါ၊ ဖျာခင်းပြီး အငြိမ့်ဇာတ်ပွဲကို မိုးအလင်းကြည့် တတ်သူအတွက် ရန်ကုန်က သမ္မတ ရုပ်ရှင်ရုံဟာ သူ့အတွက် နန်းတော်လိုဖြစ်နေလို့ ပြနေတဲ့ ရုပ်ရှင်ကို သူစိတ်မဝင်စားနိုင်တော့တာ နားလည်သဘောပေါက်ပေးကြပါ။ တကယ်နွမ်းပါးနေသူတွေ အတွက် နေရာတစ်နေရာတော့ ပေးနိုင်ကြပါစေ။

ကိုဇော်(ရွှေဘို)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page