အမေရိကန်နယူးယောက် ဘဏ်မန်နေဂျာတွေ ဆလံပေးလိုက်ရတဲ့ အိန္ဒိယသား တဦးအကြောင်း
အိန္ဒိယလူမျိုးတစ်ယောက် နယူးယောက်ဘဏ်ထဲသို့ဝင်လာပြီး ချေးငွေဌာနမှ တာဝန်ရှိသူကို တွေ့ဖို့ တောင်းဆိုလိုက်ပါတယ်။
မန်နေဂျာရောက်လာတဲ့ အခါမှာတော့ သူဟာ အိန္ဒိယကို စီးပွားရေးအလုပ်ကိစ္စ တစ်ခုအတွက် ၂ ပါတ်ကြာ သွားရောက်ရန်ရှိပြီး ထိုကိစ္စအတွက် ဒေါ်လာ ၅၀၀၀ ချေးလိုကြောင်း ပြောကြားပါတယ်။
ဘဏ်တာဝန်ရှိသူမှ ငွေချေးရန်အတွက် အာမခံပစ္စည်းအချို့ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားပါတယ်။ ထိုအခါ အိန္ဒိယလူမျိုးမှ ကားသော့နှင့်အတူ ဘဏ်ရှေ့တွင် ရပ်ထားသော ဖရာရီကား၏ စာရွက်စာတမ်းများကို ထုတ်ပေးလိုက်ပါတယ်။
ဘဏ်မန်နေဂျာလည်း ဘဏ်ဥက္ကဌထံ သွားရောက်အကြောင်းကြားတာပေါ့။ ဘဏ်မန်နေဂျာနဲ့ ဘဏ်ဥက္ကဌလည်း ဒေါ်လာ ၇၅၀၀၀၀ တန် ဖရာရီကားကို အာမခံအနေနဲ့ထားပြီး ဒေါ်လာ ၅၀၀၀ သာ ချေးငွေအဖြစ်ယူတာကို ပျော်ပျော်ကြီး လက်ခံလိုက်ကြတာပေါ့။ ထို့နောက် ဘဏ်ဝန်ထမ်းတစ်ယောက်ကို ဘဏ်ရဲ့ အောက်ထပ်က ကားပါကင်ထဲသို့ ဖရာရီကားကိုမောင်း၍ သိမ်းထားရန် ခိုင်းလိုက်လေသည်။
နှစ်ပတ်ကြာတဲ့အခါမှာတော့ အိန္ဒိယလူမျိုး ပြန်ရောက်လာပါတယ်။ သူချေးထားတဲ့ငွေ ဒေါ်လာ ၅၀၀၀နဲ့ အတိုး ၁၅.၄၁ ဒေါ်လာကိုလည်း ပြန်ပြီး ဆပ်ပါတယ်။ အဲ့ဒီအခါမှာ ဘဏ်မန်နေဂျာမှ
“ဆရာ….. ကျွန်တော်တို့ ဆရာနဲ့ အလုပ်လုပ်ရတာ ပျော်ရွှင်ပါတယ်။ အခုလည်း ချေးငွေကိစ္စဟာ အောင်အောင်မြင်မြင် ပြီးစီးသွားပါတယ်။ …. ဒါပေမယ့် ကျွန်တော်တို့မှာ နဲနဲ ရှုပ်ထွေးနေတဲ့အပိုင်းလေးရှိလို့ပါ။”
“ဆရာ ခရီးသွားနေတဲ့အချိန်မှာ ဆရာရဲ့ အကြောင်းကို ကျွန်တော်တို့ အနည်းငယ်ရှာဖွေကြည့်ပါတယ်။ အဲ့ဒီအခါ ဆရာက မီလျံနာ တစ်ယောက်ဆိုတာကို သိရပါတယ်။ ကျွန်တော်တို့နားမလည်တာက ဆရာလို မီလျံနာတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဘဏ်ကနေ ဒေါ်လာ ၅၀၀၀ လောက်ကလေးကို ဘာလို့ ချေးယူတာလဲ မသိတာပါ”
ထိုအခါ အိန္ဒိယလူမျိုးက ယခုလို ပြန်ပြောလိုက်လေသည်။ “ကျွန်တော်အနေနဲ့ ကျွန်တော်ခရီးသွားနေတဲ့ ၂ပတ်မှာ ဒီလို နယူးယောက်မြို့ကြီးမှာ ကားပါကင်အတွက် ဒေါ်လာ ၁၅.၄၁ ဒေါ်လာတည်းနဲ့ ရလို့ပေါ့ဗျာ။” ဟုပြောလိုက်လေသည်။
ထိုအဖြစ်အပျက်မှာ တကယ်ဖြစ်ပျက်ခဲ့ပြီး အိန္ဒိယလူမျိုးသူဌေးမှာ Vijay Mallya ဖြစ်သည်။
Thar Zaw