မှိုစွဲနေတဲ့ ပိုက်ဆံတွေကနေ ကူးစက်နိုင်တဲ့ ရောဂါများ (အရမ်းကြောက်ဖို့ ကောင်းပါတယ်)
ငွေစက္ကူမျိုးစုံက ကပ်ပါလာတဲ့ မှိုရောဂါ အနံ့အသက်မျိုးစုံ ခံစားကြရပြီး ယင်းမှ ရောဂါကူးစက် နိုင်ပါတယ်။ အများဆုံး ကူးစက်နိုင်တာက ဘက်တီးရီးယားများ၊ သန်လုံးကောင်ဥများ၊ အသည်းရောင်အသားဝါ ‘အေ’ စတဲ့ကူးစက်ရောဂါများ ကပ်ပြီးပါလာနိုင်ပါတယ်။
ရာသီဥတုကြောင့် စက္ကူမှိုတက်တဲ့အခါ၊ ယင်းမှိုတွေကနေ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ အရေပြားယားနာတွေအထိ ဖြစ်တတ်ပါတယ်။
ကြိုတင်ကာကွယ်ပြီး နှာခေါင်းစည်းတပ်ခြင်း၊ ငွေရေတွက်ပြီး လက်ကိုရေ၊ ဆပ်ပြာနဲ့ အနည်းဆုံးစက္ကန့် (၂၀)ကြာဆေးကြောဖို့ လိုအပ်မယ်။ လက်ကိုသန့်စင်အောင် ဆေးကြောပြီးမှ အစားစားသင့်တယ်။
နေ့စဉ်ပိုက်ဆံမြောက်များစွာ ရေတွက်နေရသူတွေ (အထူးသဖြင့် ဘဏ်ဝန်ထမ်းများ) မှာ သွိုင်းရွိုက်ဂလင်း ပုံမမှန်မှုရောဂါများ၊ ဂဂရုန်းရောဂါစု၊ ဆိုလေယေးစစ် ခေါ်ကြမ်းတမ်းတဲ့ အနီအပိန့်တွေ ထတဲ့ အရေပြားရောဂါတစ်မျိုး၊ ရူးမတွိုင်း အဆစ်ရောင်ရောဂါ၊ ဆီးချိုအမျိုးစား (၂) ရောဂါ၊ သွေးတိုးနှင့် ကျောက်ကပ်အားနည်းရောဂါ၊ အလိုလိုမောပန်း ရောဂါ တို့ဖြစ်နိုင်ပါတယ်။
ငွေစက္ကူမှ ပိုးမွှားများ လူတကာ ကိုင်တွယ်သုံးစွဲနေတဲ့ စက္ကူအမျိုးအစားအလိုက် ခံနိုင်ရည် အနည်းအများ ကွာခြား သလို၊ ဟောင်းနွမ်းလေလေ ရောဂါရလေလေပဲ ဖြစ်တယ်။ ဖြစ်နိုင်ရင် နှာခေါင်းစည်း စည်းထားသင့်တယ်။ ငွေရေတွက်ပြီးချိန် လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် (၂၀)ကြာ ဆေးကြောသင့်ပါတယ်။
ဟယ်လိုဆရာဝန်