ဂေါ်ဖီတထုပ်ကို ၄၅၀၀ နီးပါး ပေးဝယ်နေရတဲ့ အဖြစ် (ဒီလောက်တွေတောင် ဖြစ်နေပြီလား)

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောများတဲ့ အကြောင်းအရာ တခုကတော့ စူပါမားကပ်ကြီးတခုမှာ ဂေါ်ဖီထုပ် တထုပ်ကို ၄၅၀၀ နီးပါး ပေးလိုက်ရတဲ့ ဖြစ်စဉ်တခုပဲ ဖြစ်ပါတယ်။ အိမ်ရှင်မတဦး ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။

“မလွဲရ မနေနိုင်သော ကျွန်မနှင့် ဈေးဝယ်ခြင်းအနုပညာ၊ လက်ဖက်လေးကို ဂေါ်ဖီနဲ့သုပ်စားမယ် စိတ်ကူးနဲ့ ဂေါ်ဖီထုပ်ဗန်းကြီးမှာ ၈၀၀ လို့လည်း ဈေးနှုန်းဖတ်မိတော့ အသေးလေး အနေတော်ပဲ လို့ တွေးပြီး ရွေးလာခဲ့မိတယ်။

ပိုက်ဆံရှင်းတဲ့နေရာမှာ ကပ်ဈေးမပါလာလို့ ငွေရှင်းကောင်တာက ညီမလေး သွားပြန်ကပ်လာပေးတယ်။ တခြားပစ္စည်းတွေနဲ့ ရောရှင်းခဲ့ပြီး ဒီဂေါ်ဖီထုပ်လေးရဲ့ ဈေးနှုန်းကို အိမ်ကျမှ မြင်တယ်။

ကိုယ့်အမြင်မှာတော့ ချစ်စရာကောင်းတဲ့ ဂေါ်ဖီထုပ် သေးသေးလေးပါပဲ။ မစားရက်လို့ အလှထိုင်ကြည့်နေတာလဲ နှစ်ရက်ရှိပါပြီ။ စားချက်ဂရုလေးက ဗဟုသုတ စုံလင်ကြလို့ မေးကြည့်ပါရစေ။ ဒီဂေါ်ဖီလေးက ဘယ်လို‌‌ လုပ်စားရင် အကောင်းဆုံးလဲရှင်။ (Pyonepyone Win)”

ပြည်တွင်းက ထုတ်လုပ်တဲ့ ဂေါ်ဖီချင်းအတူတူ စူပါမားကပ်နဲ့ အပြင်ဈေး ဒီလောက် ကွာခြားနေတာ မစဉ်းစားတတ်တော့ဘူးလို့ မှတ်ချက်ပေးသူတွေက ပြောကြပါတယ်။ လက်ရှိအချိန်မှာ မြန်မာကျပ်ငွေ တန်ဖိုး စံချိန်တင် ကျဆင်းမှုကြောင့် စားသောက်ကုန်များ အားလုံး ဈေး အပြိုင်အဆိုင် တက်လာပြီး ပြည်သူများ အနေနဲ့ ထွက်ငွေကို ဝင်ငွေနဲ့ ဘယ်လိုမှ မကာနိုင်တာကြောင့် ခက်ခဲကျပ်တည်းမှုတွေ ဖြစ်နေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page