လျှပ်စစ်မီး လုံးဝ မလိုတဲ့ အဲကွန်း ပြုလုပ်နည်း (အခုချိန်မှာ ရန်ကုန်သားတွေ အကြိုက်တွေ့ကြမှာပါ)
သုံးစွဲပြီးသား ပလပ်စတစ်ဘူးခွံတွေကို ဘာတွေလုပ်လို့ရလဲ.. ပန်းအိုး.. ရေသန့်ဘူး.. လေအေးပေးစက်၊ ကမ္ဘာ့ရာသီဥတုကလည်း ပိုမိုပူနွေးလာတာနဲ့အမျှ လူသားတွေက လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီး ပန်ကာတွေ၊ လေအေးပေးစက်တွေကို သုံးစွဲလာလာကြပါတယ်။ ဒါပေမဲ့ ဓာတ်အားလုံးဝ မလိုပဲ အဲကွန်းဖွင့်နိုင်မယ်ဆိုရင်ရော၊
လက်ရှိ မြန်မာပြည်မှာ လျှပ်စစ်မီးတွေ တချိန်လုံးပြတ်နေပြီး နွေရာသီ ရောက်လာပြီ ဖြစ်တာနဲ့အမျှ မြို့ပေါ်က တိုက်ခန်းတွေမှာ နေရတဲ့လူတွေဟာ ပူလောင်မွန်းကြပ်ပြီး အိုက်စက်တဲ့ဒဏ်ကို ခံစားနေရပါတယ်။ အဲဒါကြောင့် လျှပ်စစ်မီး လုံးဝမလိုတဲ့ အဲကွန်း ပြုလုပ်ပုံနဲ့ ယင်းအဲကွန်းတီထွင်ခဲ့တဲ့သူရဲ့ အကြောင်းကို ဖော်ပြ လိုက်ပါတယ်-
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ashis Paul က Eco-Cooler လို့ခေါ်တဲ့ ပလက်စတစ်ဘူးခွံတွေနဲ့ လေအေးပေးစက်ကို တီထွင်ခဲ့ပါတယ်။ သူဟာ ဒီအကြံကို ရူပဗေဒ ဆရာက သူ့သမီးကို ဓာတ်ငွေ့များလာတာနဲ့ အေးတဲ့အကြောင်းကို ရှင်းပြနေတဲ့အချိန်မှာ ကြားပြီး ရရှိခဲ့တာဖြစ်ပါတယ်။
Eco-Cooler ကိုဘယ်လိုလုပ်ရတာလဲ..
ပလက်စတစ်ဘူးခွံတစ်ဝက်ကိုဖြတ်ပြီး အပေါက်ဖောက်ထားတဲ့ ဘုတ်ပြားပေါ်မှာ စွပ်ပြီးကပ်ထားရပါမယ်။ ပြီးတော့ ဘုတ်ပြားကို ပြတင်းပေါက်မှာ တပ်ထားရပါမယ်။ အပေါက်သေးတဲ့ ဘူးအဖုံး ဘက်ခြမ်းကိုတော့ အိမ်ထဲမှာထားရပါမယ်။ ကျယ်တဲ့ဘက်ခြမ်းကို အပြင်မှာထားရပါမယ်။
တကယ်ရော အေးရဲ့လား.. ဘယ်လိုအလုပ်လုပ်တာလဲ..
ကျယ်တဲ့ဘက်ကလေဝင်ပြီး အပေါက်သေးတဲ့ဘက်က လေထွက်လာတဲ့အခါ လေဖိအားပြောင်းလဲခြင်းကြောင့် အေးတဲ့လေကို ပြန်ထွက်ပါတယ်။
ဥပမာ – လက်ကို ပါးစပ်ဟပြီး လေမှုတ်ထုတ်လိုက်ရင် လေကနွေးနေပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းကို အပေါက်သေးသေးလေးလုပ်ပြီး လေမှုတ်ထုတ်လိုက်တဲ့အခါမှာတော့ အေးတဲ့လေကိုရပါတယ်။ အဲ့ဒီသဘောမျိုးပါပဲ။
Eco-Cooler က အပူချိန် 5 ဒီဂရီ Celsius လောက်ကို လျော့ချပေးနိုင်ပါတယ်။ ဒီလိုမျိုး မီတာခလည်းပေးစရာမလို၊ အလွယ်တကူလည်း ရနိုင်တဲ့ သုံးပြီးသား ပလက်စတစ်ဘူးခွံတွေကို DIY Eco-Cooler လေးပြုလုပ်ပြီး ပတ်ဝန်းကျင်ကိုကာကွယ်နိုင်ကြောင်း အကြံပေးလိုက်ပါတယ်။ (Ecoromance Team)