ဆရာကြီး သော်တာဆွေနဲ့ သမ္မတ အိုဘားမားတို့မှာ ရှိတဲ့ ထူးခြားတဲ့ လက်ဝါးပြင်လက္ခဏာအကြောင်း

ဆရာသော်တာဆွေဆိုတာ သူ့ခေတ်မှာတော့ အင်မတန်စော်ကြည်သူပေါ့။ စာဖတ်ပရိတ်သတ် မိန်းကလေးများစွာရဲ့ မိတ်ဆက်စာ၊ညုစာ၊ကလိစာ အပို့ခံရသူပေါ့။

ဆရာရေးတဲ့ ကျွန်တော့်ဘဝဇာတ်ကြောင်းဆိုတဲ့ စာအုပ်ထဲ လေးငါးခြောက်ခါလောက်ထည့်ပြော တဲ့ သူ့လက်ခဏာအကြောင်းတစ်ခု ပါတယ်။ ဒါကို လက်ခဏာပညာနားမလည်သူတွေအနေနဲ့ ထူးတဲ့အသိမရနိုင်ပေမဲ့ ၊ထိုပညာကို နားလည်သူ အနေနဲ့တော့ ထူးတဲ့အသိရတာပဲ။

သူ့လက်ခဏာမှာ အသက်လမ်းနဲ့ ဉာဏ်လမ်းက မထိစပ်ဘူးလို့ ပြောထားတယ်။ အခုကျနော်ဆွဲပြ တဲ့ပုံစံမှာ ဆိုရင် A အမှတ်အသားပိုင်ရှင်ပေါ့။ ( B အမှတ်အသားအစက်ကတော့ အသက်လမ်းနဲ့ ဉာဏ်လမ်း ထိစပ်နေတာကို ပြတာပါ)

တစ်ခါတော့ ရွှေဘိုဘက်က ဆရာသော်တာဆွေ အဆက်တစ်ယောက် မမဆိုတဲ့အမျိုးသမီးနဲ့ချိန်း တွေ့။ သူမကလည်း သူမလက်နဲ့ ကိုဆွေလက်ကို ကြည့်။ ကိုဆွေလည်း အသက်လမ်းနဲ့ဉာဏ်လမ်း မထိစပ်ဘူး။ မမလက်ခဏာလည်း အသက်လမ်းနဲ့ ဉာဏ်လမ်း မထိစပ်ဘူးပြော။

သူမက ကိုဆွေကို ဟောတယ်။ အခုအိမ်ထောင်နဲ့မမြဲဘူး။ ကိုဆွေဟာ အိမ်ထောင်သုံးဆက်ကျမယ်။ ထားတော့။ ဆရာ့ဘဝဇာတ်ကြောင်းထဲပါတဲ့ လက်ခဏာလမ်းကြုံစကားတွေက အခုစာဖတ်သူ အတွက် ရှင်းလင်းအောင် ပြောဖို့ခက်တယ်။

ဘာလို့ဆို သူ့စာအုပ်က လက်ခဏာအကြောင်းရေးတဲ့ စာအုပ်မှမဟုတ်တာ။ သူ့လက်မှာ ညဏ်လမ်းနဲ့ အသက်လမ်း မထိစပ်တဲ့အကြောင်းပဲ အဓိကပြောတာဆိုတော့။

ဒါကို လက်ခဏာပညာနဲ့ပဲ အဆုံးသတ်ပေးပါ့မယ်။ ထိုသို့ အသက်လမ်းနဲ့ ဉာဏ်လမ်းမထိစပ်တဲ့ လက်ခဏာတွေဟာ… ထင်ရာစိုင်းတတ်တယ်။ လွတ်လပ်မှုကို လိုလားတယ်။ ဇွတ်တရွတ်လုပ်တတ်တယ်။ ရှေ့နောက်မဆင်ခြင် စိတ်မြန်လက်မြန်လုပ်တယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှု လွန်ကဲတယ်။ အိမ်ထောင်ကျလည်း မြန်တယ်။ ကွဲလည်း မြန်တယ်။ ထောင်ကျစရာရှိလည်းမြန်တယ်။ သေစရာရှိလည်းမြန်၊ အောင်မြင်စရာရှိလည်း မြန်တယ်။

လူ့အဖွဲ့အစည်းအပြင်ကို ရောက်လွယ်တယ်။ တစ်ယောက်ထဲ လုပ်ရတဲ့အလုပ်မျိုးမှာထွန်းပေါက်။ စွန့်စားရတဲ့ဘဝမျိုး၊ စိတ်လှုပ်ရှားရတဲ့အလုပ်မျိုး လုပ်ရတတ်။ မိရိုးဖလာအလုပ်မျိုး မလုပ်ရ။ (အဖေကလယ်သမားပေမဲ့ သားကျ စာရေးဆရာကြီး ဖြစ်နေတာမျိုး၊ မျိုးရိုးနဲ့မဆိုင်တဲ့ အလုပ်ပေါ့) အိမ်ထောင်တစ်ဆက်ထဲ မြဲဖို့ အင်မတန်ခက်။ အသက်မတူ၊ဘာသာမတူ နဲ့ညားတတ်။

အိမ်ထောင်ဆက်များတတ်ပေမဲ့ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးတွေ ရရှိတတ်။ ဒါ ဉာဏ်လမ်းနဲ့ အသက်လမ်း မထိစပ်တဲ့ လက်ခဏာရဲ့ သဘောအရိပ်အခြေပါ။

မှတ်မှတ်ရရ ဟိန်းလတ်ဘာသာပြန်တဲ့ ဖေဖေထံမှ အိမ်မက်များဆိုတဲ့ အိုဘားမား စာအုပ်မှာလည်း အိုဘားမားဓာတ်ပုံပါလာတယ်။ လက်ဝါးဖြန့်မြောက်ပြတဲ့ ပုံပါ။ အဲဒီပုံထဲက အိုဘားမားလက်ခဏာမှာလည်း အသက်လမ်းနဲ့ ညဏ်လမ်း မထိစပ်တာ၊ ကွာဟနေတာ တွေ့ရပါတယ်။

Oothaw

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page