ရန်ကုန်မြို့ပေါ်က ထူးခြားဆန်းပြားလှတဲ့ ကားဟွန်းသံများအကြောင်း သိကောင်းစရာများ

ရန်ကုန်မြို့လမ်းပေါ်သွားလာနေတဲ့အချိန် ကားဟွန်းသံဆူညံနေတာကို တွေးမိရင်း ဟွန်းတီးပုံမျိုးစုံအကြောင်းစဉ်းစားမိတယ်။

စိတ်လောနေတဲ့ဟွန်း – ဒီဟွန်းကတော့ သိကြတဲ့အတိုင်း မီးပွိုင့်တွေမှာ မီးတောင်မစိမ်းသေးဘူး နောက်ကတပွမ်ပွမ်တီးမယ် ရှေ့ကကား လိပ်လိုမောင်းနေလဲ တီးမယ်။

ပေါက်ကွဲနေတဲ့ဟွန်း – ဒီဟွန်ုးကတော့ ybs ကားဆရာကြီးအများစု နဲ့ တက်စီဆရာ အများစုတီးကြတယ် နေ့တဓူဝ မောင်းနေရတဲ့အချိန်မှာ လမ်းပေါ်မှာ ကကျိုးကကြောင် ဟိုလိုလို ဒီလိုလို တိုင်ပတ်နေတဲ့ ကားလေးအများစုနဲ့တွေ့တဲ့အခါ စိတ်ကပေါက်ကွဲလာပြီး အသားကုန် တီးတော့တာပဲ။

ကျေးဇူးတင်တဲ့ဟွန်း – ဒီဟွန်းကတော့ ကားတစီးနဲ့တစီး ဦးစားပေးတဲ့အခါမျိုး ကွေ့နေတဲ့ကားကို မီးတောက်ပြီး ဦးစားပေး ကွေ့ခိုင်းတဲ့အခါမျိုးမှာ ကျေးဇူးတင်တဲ့အနေနဲ့ ဟွန်းတီးပြီး လက်ပြသွားကြတယ် ချစ်စရာ့ အပြုအမူဟွန်းလေးပေါ့။

အချက်ပေးအသက်ကယ်ဟွန်း – ကားရှေ့ရုတ်တရက်လမ်းဖြတ်ကူးတာမျိုး အခြားနေရာကိုငေးပြီး ကားကိုမမြင်တာမျိုးဆို တီးကြပါတယ် ဒီဟွန်းကတော့ တကယ်ကို အကျိုးရှိရှိတီးတဲ့ဟွန်းပါ။

တကယ်တော့ ဟွန်းဟာ သုံးတတ်ရင်မိတ်ဆွေပေါ့ မသုံးတတ်ရင် ဟွန်းတီးရာက ရန်သူဖြစ်သွားရော ကြားဖူးတာတခုရှိတယ် အနောက်နိုင်ငံတခုမှာ.ဟွန်းကိုမတီးသလောက်ကို တိတ်ဆိတ်နေပါတယ်တဲ့ အားကျစရာကြီးနော်။ ဟွန်းကိုအကျိုးရှိစွာ သုံးတတ်ပါစေဗျာ။

Kyaw Thiha

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page