မိုက်တွင်းနက်နေတဲ့ မအလကို ချက်ခ် ရဟန်းတော် ဆုံးမပြီ (ငရဲလက်မှတ်တိုးတဲ့ လူယုတ်မာ ဒကာဆိုတာ..)

ဒကာကြီး မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်မှုတွေက အမြဲ အတူတူပါပဲ။ ပြောင်းမှာ မဟုတ်ပါဘူး။

ဒကာကြီး မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် အုပ်စုကို (အင်္ဂုတ္တိုရ်နိကာယ် စဏ္ဍာလသုတ် အံ၊ ၂၊ ၁၈၁။ နှင့် အညီ) ဦးဇင်းရဲ့ မိန့်ကြားချက်လည်း ရှိပါတယ် –

“ဒကာကြီး မင်းအောင်လှိုင်ရေ၊ လူယုတ်မာ ဒကာ ဆိုတာလည်း ရှိပါတယ်။ ကြာပန်းဒကာ ဆိုတာလည်း ရှိပါတယ်။ လူယုတ်မာ ဒကာ ဆိုတာ သီလကို ကျူးလွန်မိတဲ့ ဒကာ ဖြစ်ပါတယ်။ ကြာပန်း ဒကာ ဆိုတာ သီလ (၅) ပါးကို အမြဲ စောင့်ထိမ်းတဲ့ ဒကာ ဖြစ်ပါတယ်။

အခုဆို ဒကာကြီး မင်းအောင်လှိုင်ဟာ လူယုတ်မာ ဒကာတစ်ယောက် ဖြစ်ပြီး တာဝန် အတင်းအဓမ္မ ယူထားတဲ့ နိုင်ငံတော်ကို ဖျက်ဆီး ဖောက်ပြန် နေပါတယ်။ ဒကာကြီးရဲ့ ဒီ ယုတ်မာမှုကို ဆင်ခြင်လိုက်ပါ။ ဒကာလိုမျိုး ယုတ်မာတဲ့ ဒကာတွေက အာဏာတွေကို စွန့်ခွါသင့်ပါတယ်။

အာဏာကို မတရား ထိန်းထားတဲ့အချိန်အတွင်း ဒကာက အကုသိုလ်တွေ အထပ်ထပ် ပြုနေပါတယ်။ အဲ့ဒီမှ ဒကာရဲ့ ငရဲလက်မှတ် လည်း တိုးနေပါပြီ။ ဒါကြောင့် အာဏာကို စွန့်လွှတ်ပြီး သူတော်ကောင်းဖြစ်အောင် ကြိုးစားပါ။ ဦးဇင်းက ဒကာကို သူတော်ကောင်းအလုပ်တွေမှာပဲ အားပေးမှာပါ။”

ဆရာတော်၊ ဆရာလေး၊ ဒကာ၊ ဒကာမ များအားလုံး ကျန်းမာချမ်းသာကြပါစေ။ ဘေးရန် ကင်းကြပါစေ။ လူယုတ်မာတွေမှ ကင်းဝေးနိုင်ကြပါစေ။

ချက်ခ်ရဟန်း အရှင် သရဏ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page