ကိုယ်လိုချင်တဲ့ အမှတ်မမီရင် ခြစ်ချပစ်တဲ့ ဓလေ့နဲ့ မြန်မာ့ပညာရေးစနစ်ရဲ့ ရှက်ဖွယ်တခု
ဒီပို့စ်ဟာ ခုနှစ်ဆယ်တန်း ဝင်ဖြေနေတဲ့ ဟာလေးတွေ အတွက် မဟုတ်ဘုးဆိုတာကိုတော့ ကြိုပြောပါရစေ ဒီပို့စ်ဟာ တော်လှန်ရေးကာလ အလွန် ပညာရေးကို ဖြစ်စေချင်တာလေး ပြောပြခြင်းပါ။
Good Doctor English Version ကားကြည့်ရင်းတွေးမိတာလေးပါ အဲ့ကားထဲမှာ ရဲတစ်ယောက်က ဆရာဝန်ဖြစ်ဖို့ကြိုးစားနေတာကို တွေ့ရမှာပါ ပြောချင်တာ က မြန်မာနိုင်ငံမှာ ဒါမျိုး Chance ဘယ်သူ့မှာမှ မရခဲ့ပါဘူး။
(၁) ဆယ်တန်းဖြေရင်း ကိုယ်တက်ချင်တဲ့ ကျောင်းဝင်ခွင့် အမှတ်မမီလောက်ဘူးထင်ရင် ခြစ်ချခဲ့ပြီး ထပ်ဖြေရတဲ့ နိုင်ငံပါ။ ဘယ်လောက် စုတ်ပဲ့ပြီး ဘယ်လောက်ဂွမ်းပါသလဲ။ ဟုတ်ကဲ့ ဒီပြဿနာကြီးကို အန်အယ်ဒီ ခေတ်ကလဲ ဖြေရှင်းခဲ့ပုံမရပါဘူး။
(၂) ပေါင်းကူးခွင့်တွေ မရကြပါဘူး။ သူနာပြုက ဆရာဝန်ဖြစ်ခွင့်၊ သူနာပြုအကူက သူနာပြုဖြစ်ခွင့်စသဖြင့်ပါ။ အတွေ့အကြုံရင့် ပညာရှင်တစ်ဦးဟာ သူနဲ့နီးစပ်တဲ့ နယ်ပယ်ကို ကူးပြောင်းခွင့် ရသင့် ရထိုက်ပါတယ်။
ဆယ်တန်းအောင်ပြီးစ ကလေးတစ်ယောက်ရနိုင်တဲ့ ဆရာဝန်ဖြစ်ခွင့် အိပ်မက်ကို ဆယ်နှစ်လောက် အတွေ့အကြုံရှိတဲ့ သူနာပြုအကူတစ်ယောက်က မက်ခွင့်မရှိဘူးဆိုတာ မြန်မာ့ပညာရေးလောကရဲ့ ရှက်ဖွယ်တစ်ခုပါပဲ။
ဒီနေရာမှာ သူနာပြုအကူတစ်ယောက် ဆယ်နှစ်သက်တမ်းရှိရင် ဆရာဝန်တန်းဖြစ်ဟဲ့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လိုအပ်တဲ့ စာမေးပွဲတွေ လက်တွေ့ လေ့ကျင့်မှုတွေ အကုန်လုံးကို ကျော်ဖြတ်ပြီးမှ သူဖြစ်ထိုက်တဲ့ ဆရာဝန်ဆိုတဲ့ နေရာကိုရောက်ရှိစေချင်တာဖြစ်ပါတယ်။
ဒါတွေဟာ ဥပမာပေးခြင်းသာဖြစ်ပါတယ်။ Btech to BE စသဖြင့် တစ်ခြားနယ်ပယ်တွေမှာလဲ လိုအပ်သလိုအသုံးချလို့ရပါတယ်။ လတ်တလောကြည့်မိတဲ့ကားက Good Doctor မို့ သူနဲ့ နီးစပ်တဲ့ နယ်ပယ်က စပြောမိခြင်းပါ။
Troller Hulk