စစ်ကိုင်းတိပိဋက ဆရာတော်ရဲ့ အန္တိမဈာပန ပြုလုပ်မယ့် နေရာနဲ့ မြောက်ဦးဆရာတော်ကြီးရဲ့ ဆုတောင်း
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ရိုးတွင်းချဉ်ဆီ အစားထိုးလဲလှယ်ကုသရန်နှင့်သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူနေရသည့် စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသသည် ယနေ့ညနေ ၅ နာရီ ၅၀ မိနစ်က ပျံလွန်တော်မူသွားခဲ့ပြီလို့ မုံရွာမြို့ သဒ္ဒမ္မဇောတိကသုဗောဓာရုံကျောင်းတိုက်မှတိုက်အုပ်ဆရာတော်ထံမှ သိရပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော်ကြီးသည် ထိုင်းနိုင် ငံ၊ဘန်ကောက်မြို့ ဆေးရုံကြီး၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့မှစတင်တက်ရောက်၍ ဆေးကုသမှုခံယူနေရခြင်း ဖြစ်ပါတယ်။
ဆရာတော်ကြီး၏ ရိုးတွင်းချဉ်ဆီလဲလှယ်မှုပြု လုပ်ရန် ဆရာတော်ကြီး၏ ညီမအရင်းဖြစ်သူ မသိန်းသိန်းဆွေအား ဆေးစစ်ချက်အရ ကိုက်ညီမှုရှိသဖြင့် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်တိုင် မသိန်းသိန်းဆွေထံမှ တစ်နေ့လျှင် ၄ နာရီနှုန်းဖြင့် ချဉ်ဆီထုတ်ယူခဲ့ပါတယ်။
ရိုးတွင်းချဉ်ဆီ လဲလှယ်ကုသရန် ဆရာတော်ကြီး ၏ကျန်းမာရေးအခြေအနေအရ အားအင်ပြန် လည်ပြည့်ဝလာမည့် အချိန်အားစောင့်ဆိုင်းနေစဉ် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော်ကြီးသည် ဝါတော် ၃၄ ဝါ ရှိပြီဖြစ်ကာ မုံရွာမြို့၊ နန္ဒဝံရပ်၊ သဒ္ဒမ္မဇောတိက သုဗောဓာရုံ ကျောင်းတိုက် နာယကနှင့် ရန်ကုန်မြို့၊ သဒ္ဒမ္မမာနိတာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော်ဖြစ်ပါယ်။
ဆရာတော်ရုပ်ကလာပ်အား ပြန်လည်ပင့်ဆောင်ဖို့စီစဉ် နေကြပြီဖြစ်ကြောင်းနဲ့ မနက်ဖြန်တွင် မန္တလေးလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ကာ မုံရွာတွင် အန္တိမစျာပန ကျင်းပဖွယ်ရှိကြောင်းလည်းသိရပါတယ်။ တိပိဋက ဆရာတော်ကြီး (ကမ္ဘာအေး မဟာဂန္ဓာရုံ) ဒေါက်တာသုမင်္ဂလ သည်လည်း ယခုလို ရိုးတွင်းချဉ်ဆီ ရောဂါခံစားခဲ့သည့် တိုက်ဆိုင်မူ ရှိခဲ့ပါတယ်။
ပျံလွန်တော်မူပြီဖြစ်သည့် စစ်ကိုင်းတိပိဋက ဆရာတော်အတွက် မြောက်ဦးဆရာတော်ကြီးရဲ့ ဆုတောင်းကို ဖော်ပြလိုက်ပါတယ်-
တို့ဆုတောင်း မပြည့်ဘူး။ စစ်ကိုင်းတိပိဋကတ် ဆရာတော် ခုညနေ(၆)နာရီခန့်အချိန် ဤလောကကြီးကို စွန့်သွားခဲ့ပါပြီ။
ညီတော်မောင် ကောင်းသောဘုံဘဝမှာ အိုနာသေဝဋ်ဒုက္ခမှ လွတ်မြောက်သော နိဗ္ဗာန်မဂ်ရောက်ကြောင်းတရားတော်တွေကို အားထုတ်နိုင်ပါစေ ဟုသာ ဆုတောင်းလိုက်ရပါသတည်း။အစားထိုးမရသော သူတော်ကောင်းမို့ အလွန်နှမြောမဆုံးဘူး။