နေရာတခုကို ရောက်တဲ့အခါ ဒီနေရာကို အရင်က ရောက်ဖူးသလို ဖြစ်တတ်တဲ့ စိတ်ခံစားမှု ဖြစ်စဉ်အကြောင်း

Deja Vu Phenomenon ( ဒီဂျားဗူးဖြစ်စဉ်)

တစ်ခုခုလုပ်နေတုန်း ရုတ်တရက် ငါဒါမျိုး အရင်ကလုပ်ဖူးသလိုပဲ ၊ ဒါမျိုးဖြစ်ဖူးသလိုပဲ ဆိုပြီးတွေးမိဖူးပါ သလား၊

ရုပ်ရှင်ကြည့်နေတုန်း မြို့တစ်မြို့ကို မြင်တဲ့အခါ အဲ့ဒီမြို့နဲ့ ရင်းနှီးနေသလိုလို ၊ အရင်တုန်းက နေဖူးသလိုလိုဆိုပြီး လွမ်းနေတာမျိုး ဖြစ်ဖူးပါသလား၊

ခရီးထွက်တုန်း ကိုယ်တစ်ခါမှမရောက်ဖူးတဲ့ နေရာတစ်နေရာရောက်တဲ့အခါမှာလဲ ငါဒီနေရာကို အရင်က ရောက်ဖူးသလိုပဲဆိုပြီး ဖြစ်ဖူးပါသလား၊

ဒီဖြစ်စဉ်ကို Deja Vu Phenomenon (ဒီဂျားဗူးဖြစ်စဉ် ) လို့ခေါ်ပါတယ်… Deja Vu ဆိုတာဟာ ပြင်သစ်စကားဖြစ်ပြီး Déjà Vu (မြင်တွေ့ပြီးသား) လို့ အဓိပ္ပါယ်ရပါတယ်။ လူတွေတော်တော်များများ အဖြစ်အပျက်တစ်ခုကို အရင်တုန်းက ကြုံဖူးတယ်လို ခံစားရတဲ့ Deja-vu ကိုကြုံဖူးကြပါလိမ့်မယ်။

စိတ်ပညာရှင်တွေကတော့ ဒါဟာ အတွင်းစိတ်ထဲက ပြင်းပြတဲ့ဆန္ဒတွေကြောင့် ဖြစ်ကြောင်း ကောက်ချက်ချထားကြတယ်။

အာရုံကြောပညာရှင်တွေကတော့ ဒါဟာ စိတ်ဖိစီးမူ၊ ပူပန်းနွမ်းနယ်မူ တွေကြောင့် ဦးနှောက်အစိတ်အပိုင်း တခုခု ယာယီ ချွတ်ယွင်းမူကြောင့် ဖြစ်တာလို့ ပြောဆိုထားကြတယ်။ ဦးနှောက်ဟာ ရှုပ်ထွေးသွားပြီး ယခုမှကြုံဖူးတဲ့ အသစ်တခုကို အရင်က ကြုံဖူးတယ်လို့ ထင်စေတာပါ။

ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိဟာ တစ်ခါတရံ Deja Vu ဖြစ်ဖူးကြပြီး ဒါဟာ ပုံမှန်အနေအထားလို့ ဆိုနိုင်ပါတယ်။

မကြာခဏ Deja-vu ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါဟာ ကျန်းမာရေး ပြင်းပြင်းထန်ထန် ချွတ်ယွင်းနေတာကို ဖော်ပြနေတာ ဖြစ်နိုင်တာကြောင့်ပါ။

Sonamia

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page