နွေနေပူပူကြီးထဲမှာ စားဝတ်နေရေးအတွက် တနေကုန် တက္ကစီမောင်းနေရတဲ့ အသက် (၇၂) နှစ် အဘ
ကားငှါးစီးရင်း Taxi မောင်းတဲ့ လူက အသက် (၇၂) နှစ်အရွယ် အဘ ဖြစ်နေသောအခါ…
“အဘ ဒီဆီစျေးနဲ့ ကားထွက်မောင်းနေတာဆိုတော့ အဘ ကားပိုင်လား…” “မဟုတ်ပါဘူး သားရယ်… အုံနာ ဆီက တစ်ရက် (၇၀၀၀) နဲ့ ငှါးမောင်းနေတာပါ ဒီကြားထဲ အိမ်လခ နဲ့ ဆီဖိုး က အသည်းအသန် ရှာနေရသေးတယ် သားရယ်…”
“ဟုတ်ကဲ့ အဘ အသက်က ဘယ်လောက်ရှိပြီလဲ” “(၇၂) နှစ်ပါ သား…” “ထင်တော့ထင်တယ် အဘ အသက် တော်တော်ကြီးနေလောက်ပြီလို့ ဒီကြောင့် ကားခ ကို စျေးမဆစ်ဘဲ စီးလာတာပေါ့..”
“ကျေးဇူးတင်ပါတယ် သားရယ်…” “ကဲ ဒါဆို ကားခ (၆၀၀၀) နော် သားအခု ပေးထားလိုက်မယ်… ရော့ ဒါက ကားခ ၊ ဒါက အဘ အတွက်…” “ဟာ …သား ဒီပိုက်ဆံတွေက …”
“ကားကိုသာ ဂရုစိုက်မောင်းပါ အဘရယ်၊ အဘ ဒီနေ့ စိတ်အေးအေး နဲ့ အိမ်ပြန်လို့ ရပြီ အဘ ရုန်းကန်နေရတာ မကြည့်ရက်လို့ သား ကန်တော့လိုက်တာ … ဒီလို အဖိုးအဖွားတွေ တွေ့ရင် လှူဖို့လဲ သားနဲ့အတူ ပူးပေါင်းပါဝင်ထားသူတွေ ရှိပါတယ် …ဒါကြောင့် အဘ ဒီငွေကို စိတ်သန့်သန့် နဲ့ သုံးပါ …”
“ကျေးဇူးတင်ပါတယ် သားရယ်။ အဘ ဒီငွေမျိုး မကိုင်ရတာ တော်တော်ကြာနေပါပြီ..” ပြောရင်းနဲ့ အဘ အသံတွေ စို့နစ်လာခဲ့ပါတယ်။ ဝမ်းသာ ဝမ်းနည်းပေါ့ဗျာ။
Taxi မောင်းတဲ့ အဘ အပြင် ကလေးကစားစရာရောင်းတဲ့ အဘကို တစ်သိန်းကျပ်။ အသက် (၈၄) နှစ်အရွယ် မုန့်ကြပ်တိုက် ရောင်းတဲ့ ဖွားဖွားကို ၁၅၀၀၀၀ ကျပ် လှူဒါန်းပေးခဲ့ပါတယ် ။
ယခု လှူဒါန်းမှုကို ဂျော်ဒန် နိုင်ငံရောက် မနန်းဆုမြတ် မှ ၁၅၀၀၀၀ ကျပ် ။ မတင်တင်သော် မှ တစ်သိန်းကျပ် ။ မမိုးစက်ဖြူ မှ တစ်သိန်းကျပ် လှူဒါန်းပေးထားပါတယ် ။
ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မိုးစက်