မှတ်ပုံတင်လုပ်ရင် တရားဝင်ပေးရမယ့် ကုန်ကျစရိတ်နှုန်းထားအမှန်များ (တောင်းတိုင်း မပေးကြပါနဲ့)

မှတ်ပုံတင် အသစ် (သို့) ပျောက်ဆုံး/ ပျက်စီး/ လဲလှယ်တဲ့အခါ အခကြေးငွေ ကုန်ကျစရိတ် ရှိပါသလားဗျ။ အကယ်၍ အခကြေးငွေ ကောက်ခံမှု ရှိရင် တိုင်ကြားလို့ ရပါသလားဗျ။ တိုင်ကြားနိုင်မယ် ဆိုရင် တိုင်ကြားလို့ ရမယ့် ဖုန်းနံပါတ်ကို ထုတ်ပြန်ပေးစေလိုပါတယ်ဗျ။

လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန လက်အောက် သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးများတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား သွားရောက် လျှောက်ထားရာတွင် ယူဆောင်သွားရမည့် အထောက်အထားများနှင့် အခငွေသတ်မှတ်ချက်များကို အများပြည်သူ သိရှိနိုင်ရန် လဝကရုံးများ၌ ဗီနိုင်း ပိုစတာများ ချိတ်ဆွဲထားပါတယ်။

မှတ်ပုံတင် လုပ်ရင် တရားဝင် ပေးဆောင်ရမယ့် အခကြေးငွေတွေကိုတော့ အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်-

(၁) မှတ်ပုံတင် အသစ်ပြုလုပ်မည်ဆိုပါက ၆ ကျပ်၊ (၂) မှတ်ပုံတင် လဲလှယ်မည်ဆိုပါက ၃ ကျပ်၊ (၃) မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီး၍ မိတ္တူလျှောက်ထားမည်ဆိုပါက ၁၀ ကျပ်

သတ်မှတ်အခကြေးငွေထက် ပိုမိုကောက်ခံခြင်းနဲ့ ကျေနပ်မှု မရှိပါက သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး/ ခရိုင်ဦးစီးမှူး၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး ရုံးများတွင် ချိတ်ဆွဲထားသည့်တိုင်ကြားရန် ဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် ဖွင့်ထားတဲ့ ဖေ့ဘုတ်ပေ့တွေမှာ တိုင်ကြားနိုင်တယ်လို့ လဝကမှ တာဝန်ရှိသူက ဖြေကြားသွားခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေး အရာရှိကြီး ကိုယ်တိုင် ပြောသွားတဲ့ ဈေးနှုန်းတွေကို သေသေချာချာ မှတ်ထားပြီး မှတ်ပုံတင် လုပ်မယ့် ရုံးမှာ ပြန်လည် ပြောပြ ပေးကြပါလို့ တိုက်တွန်း လိုပါတယ်။

ဘာလို့လဲဆိုတော့ မှတ်ပုံတင် လုပ်ပေးတဲ့ ဝန်ထမ်းတွေက အလုပ်များတော့ သတိမေ့ပြီး အခကြေးငွေတွေ ပိုတောင်းမိသလို ဖြစ်သွားမှာ စိုးလို့ပါ။ တကယ်ပြောတာပါဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page