မနက်ဖြန် (၂၇-၈-၂၀၂၂) ရန်ကုန်တမြို့လုံးနီးပါး မနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း မီးပြတ်မည်

ရွှေလီ-မန်စံ အမှတ်(၂)ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ်(၂၁၅)၏ ကြွေသီးကွဲခြင်းအားပြုပြင်မည်ဖြစ်၍ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် မနက်ဖြန်၌ လျှပ်စစ်မီးယာယီပြတ်တောက်မယ်လို့ သိရှိရပါတယ်။

၂၃၀ ကေဗွီ၊ ရွှေလီ-မန်စံ အမှတ်(၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ်(၂၁၅)၏ ကြွေသီးသည် သြဂုတ် ၂၂ ရက်နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က ကွဲသွားခဲ့သည်ဟု YESC မှအသိပေးခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ကြွေသီးကွဲသွားသဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား သြဂုတ် ၂၇ ရက်(မနက် ဖြန်)နံနက် ၇ နာရီမှညနေ ၄ နာရီအထိ ၂၃၀ကေဗွီ၊ ရွှေလီ-မန်စံ အမှတ်(၁ ၊ ၂)ဓာတ်အားလိုင်းအား ဓာတ်အားပိတ်၍ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို့ကြောင့် ပြန်လည်ပြုပြင်နေချိန်၌ ဓာတ်အားစနစ်ကွန်ယက်အတွင်း ရွှေလီဓာတ်အားပေး စက်ရုံမှဓာတ်အားထုတ်လုပ်မှု(400)MW ခန့် လျော့နည်းမည်ဖြစ်၍ ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းသို့ ဝန်အားလျော့ထိန်းညှိရမည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသည့်အချိန်များ၌ မြို့နယ်နေရာအချို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်မည်ဟု YESC ကအသိပေးထားပါတယ်။ ယာယီဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်သော်လည်း အရေးကြီးနေရာများ၌ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထား ဆောင်ရွက်သွားမည်ဟု YESC ကအသိပေးထားတာ ဖြစ်ပါတယ်။

မနက် ၇ နာရီက ညနေ ၄ နာရီအထိလို့ ပြောပေမယ့်လည်း ပြတ်ချင်တဲ့ အချိန် ပြတ်မှာ ဖြစ်ကြောင်း၊ ပြတ်ချင်သလို ပြတ်နေတာကြောင့် လုပ်ငန်းခွင် ထိခိုက်မှုတွေ ရှိနေတယ်လို့ ရန်ကုန်မြို့နေသူတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page