ရေထဲ ပြုတ်ကျသွားတဲ့ ကလေးငယ်ကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ သူရဲကောင်းတဦး

ဒလပန်းဆိုးတန်း ကူးတို့ သင်္ဘောပေါ်မှ ရေထဲသို့ ပြုတ်ကျ သည့် ကလေးငယ်တစ်ဦးမှာ လူ စွန့်စားတစ်ဦး၏ ကယ်တင်ပေးခဲ့မှု ကြောင့် အသက်ချမ်းသာရာရခဲ့ ကြောင်း ယခုလ ၂၁ ရက် မွန်းတည့် ၁၂ နာရီက မြင်ခဲ့ရသည်။

အဆိုပါ ကူးတို့သင်္ဘောသည် ဒလမှ ပန်းဆိုးတန်း သို့ ထွက်လာပြီး ပန်းဆိုးတန်းဗောသို့ ကပ်ပြီးနောက် အသက်ကိုးနှစ်ဝန်းကျင်ရှိ ကလေး ငယ်တစ်ဦးမှာ သင်္ဘောနှင့် ဗော ကြား အနည်းငယ်ဟနေသည့် နေရာထဲမှ ရေထဲသို့ ပြုတ်ကျ သွားခြင်းဖြစ်ပြီး လူအများ အော်ဟစ်ဆူညံ ဝိုင်းအုံနေစဉ် အဆိုပါ လူစွန့်စားက သင်္ဘောနှင့် ဗောကြားမှ ရေထဲသို့ဆင်း၍ ကလေးငယ်အား ခက်ခက်ခဲခဲ ကယ်တင်ခဲ့ခြင်း လည်းဖြစ်သည်။

“ရေကလည်း တအားစီးနေတယ်။ သင်္ဘောနဲ့ ဗောကလည်း ကပ်နေတယ်။ ကလေးကလည်း သင်္ဘောဝမ်းဗိုက် အောက်၊ ဗောဝမ်းဗိုက်အောက် ရောက်မသွားလို့ နို့မို့ဆို ကလေး အသက်ဆုံးရှုံးနိုင်တယ်။ ကလေး လည်း ကံကောင်းတယ်။ ဆင်းဆယ်တဲ့ လူကိုလည်း လေးစား လောက်တယ်” ဟု မျက်မြင်တွေ့ရှိ သူ တစ်ဦးက ပြောသည်။

သင်္ဘောနှင့် ဗောကြားမှ ရေထဲသို့ ပြုတ်ကျသွား သည့် ကလေးငယ်ကို ဆင်းယူကယ်တင်ခဲ့သူမှာ ကိုလှဝင်းအောင်ဆိုသူ ဖြစ်ပြီး ယခု ကဲ့သို့ ဖြစ်စဉ်များ မကြာခဏဖြစ် ပေါ်တတ်ကြောင်း၊ ဖြစ်ပွားသည် နှင့် အနီးရှိပုဂ္ဂိုလ်များ (ကိုလှဝင်း အောင်ကဲ့သို့)မှ ကယ်တင်ခဲ့ပြီး အနီးရှိ သမ္ဗန်ဆိပ်မှ သမ္ဗန်များကလည်း ကယ်တင်ရန် အသင့်ရောက် ရှိလာတတ်ကြောင်းလည်း သိရသည်။

သင်္ဘောနှင့် ဗောကြား ကွာဟမှုများမရှိစေရန် ဆောင်ရွက် ထားသင့်ကြောင်းကိုလည်း ခရီးသွား ပြည်သူများ က ပြောကြားသည်။

မောင်ယဉ်ဦး (ဒလ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page