ရုပ်ရှင်မင်းသား နေတိုးနဲ့ တူသွားတဲ့ ကုဝေရ နတ်မင်းကြီး (တကယ်ချွတ်စွပ်ပါပဲဗျာ)

လူတူ မရှား နာမည်တူ မရှားဆိုသလို ရုပ်ရှင်မင်းသား နေတိုးနဲ့ ချွတ်စွပ်တူတဲ့ သူတဦး ပေါ်လာပါပြီ။ ဒါပေမယ့် လူသားထဲကတော့ မဟုတ်ပါဘူး။ စတုမဟာရာဇ် နတ်ပြည်က ကုဝေရ နတ်မင်းကြီးပါ။

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ ဓာတ်ပုံကတော့ ရုပ်ရှင်မင်းသား နေတိုးနဲ့ တူသွားတဲ့ ကုဝေရ နတ်မင်းကြီး အကြောင်းပဲ ဖြစ်ပါတယ်။

ပန်းတော့ ပညာရှင်တဦးက အင်္ဂတေနဲ့ လက်ရာမြောက်စွာ ပြုလုပ်ထားတဲ့ နတ်မင်းကြီး ရုပ်ထုကို အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။ သူတင်ခဲ့တဲ့ ပို့စ် အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်-

“စတုမဟာရာဇ်နတ်ပြည်ဘုံရှိနတ်မင်းကြီး၄ပါးမှ ကုဝေရနတ်မင်းကြီး ထုလုပ်ပူဇော်မှုပြီးစီးမှုလေးပါ (အင်္ဂတေကပ်ထုပုံတော်)”

အဆိုပါ ပညာရှင် ထုလုပ်ထားတဲ့ ပုံဟာ လက်ရာမြောက်ပြီး အသက်ဝင်လွန်းလှတဲ့အပြင် ရုပ်ရှင်မင်းသား နေတိုးနဲ့ပါ ရုပ်ချင်းဆင်နေတာကြောင့် အွန်လိုင်းပေါ်မှာ လူပြောများနေပြီး မျှဝေသူတွေ များပြားနေပါတယ်။

နတ်မင်းကြီး ရုပ်တုဖြစ်တာကြောင့် ချောမောလှပတဲ့ ရုပ်ရည်ရှိတဲ့သူတဦးရဲ့ ပုံအတိုင်း ထုလုပ်ထားတာ ဖြစ်နိုင်ကြောင်း၊ အဲဒါကြောင့် နေတိုးရဲ့ မျက်နှာနဲ့ ထုလုပ်ထားတာ ဖြစ်နိုင်ကြောင်း ဒါမှ မဟုတ် အလှူရှင် ကိုယ်တိုင်ကပဲ နေတိုးနဲ့ တူအောင် ထုလုပ်ခိုင်းတာလည်း ဖြစ်နိုင်ကြောင်း လူတချို့က မှတ်ချက်ပြုကြပါတယ်။

လူအတော်များများကတော့ မကြာခင်က မိန်းမရသွားတဲ့ ရုပ်ရှင်မင်းသားနေတိုးနဲ့ ယခု နတ်မင်းကြီး နေတိုးကို နှိုင်းယှဉ်ပြီး စနောက်တဲ့ သဘောနဲ့ မှတ်ချက်တွေ ပေးနေကြပါတယ်။

အဆိုပါ နတ်မင်းကြီးပုံကို ရုပ်ရှင်မင်းသား နေတိုးမြင်ရင်တော့ ဘယ်လိုမှတ်ချက်ပေးမလဲဆိုတာလည်း သိချင်မိပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page